MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ မန္တလေးနှင့် မကွေးမြို့တွင် သစ်ပင်စိုက်ပျိုး

2012-06-05
ဒီကနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ မန္တလေးမြို့နဲ့ မကွေးမြို့တို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။မန္တလေးတောင် မြောက်ဘက်၊ ပထမရွှေကျင်ဆရာတော် သီတင်းသုံးခဲ့တဲ့ ဓမ္မိကာရာမ ကျောင်းတိုက်မှာ ကျွန်း၊ ကညင်စတဲ့ သစ်ပင်ပေါင်း (၃၀၀) ကျော်ကို စိမ်းရောင်စိုအဖွဲ့ဝင် ၁၀၀ ကျော်က ဒီကနေ့ စိုက်ပျိုးခဲ့ပါတယ်။
တိုင်းဒေသကြီးနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး၊ သစ်တောနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့က အရာရှိတွေက
လိုအပ်တာတွေ ကူညီ ဖြည့်ဆည်းပေးခဲ့ကြောင်း၊ အခုလို စိုက်ပျိုးမှုဟာ စိမ်းရောင်စိုရဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးမှု ပထမအစီအစဉ် ဖြစ်ကြောင်း လည်း အဖွဲ့ ဒုဥက္ကဋ္ဌ ဦးငြိမ်းချမ်းက ပြောပါတယ်။
"၂၀၁၂ ခုနှစ်အတွက် မိုးရာသီ သစ်ပင်စိုက်ပွဲကို ကျွန်တော်တို့ စတာဖြစ်ပြီးတော့ နောင်မှာ တနင်္ဂနွေနေ့ အပတ်တိုင်း ကျွန်တော်တို့က အပင်စိုက်သွားပါမယ်၊ ဒီနှစ်ကိုတော့ အပင် (၁) သောင်းကျော်လောက် လျာထားတယ်ပေါ့လေ။ နောက်ပြီးတော့ ဒီနေ့ဆိုလို့ရှိရင် ကျန်တဲ့ ညီနောင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကျောက်ဆည်က လာတယ်။ တံတားဦးလာတယ်။ နောက် ပုလိပ်ကလာတယ်"
အလားတူပဲ မန္တလေး တောင်သမန်အင်း အနောက်ဘက်ခြမ်း ကန်ပတ်လမ်းတလျှောက်မှာ သဘာဝပတ်ဝန်းကျင် ချစ်သူများကွန်ယက်က ဦးဆောင်ပြီး အဖွဲ့ (၁၂) ဖွဲ့က လူပေါင်း (၁၀၀) ကျော်နဲ့ ပလပ်စတစ်ကောက်သိမ်းတဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကိုတော့ စည်ပင်သာယာဌာနက ကားအပါအဝင် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုပေးခဲ့တယ်လို့ အဖွဲ့က မဖူးပွင့်သင်ဇာဖြိုးက ပြောပါတယ်။
“ပလပ်စတစ်ကောက်ပြီးတော့ အသိပညာပေးတယ်ဆိုတာ လှုံ့ဆော်လိုက်တဲ့ သဘောပေါ့၊ ကျွန်မတို့ တခြားနေရာကနေ ဒီတောင်သမန်အင်းကိုလာပြီးတော့ ပလပ်စတစ် ကောက်ပြတယ်ဆိုတာ ဒီရပ်ရွာက လူတွေက အော် ငါတို့လည်း ဒီဟာတွေ လုပ်သင့်တယ်ဆိုတဲ့ အတွေးမျိုးလေးဝင်အောင် သတိပြုမိအောင်ပေါ့"
မကွေးမြို့မှာတော့ NLD အဖွဲ့ဝင်တွေနဲ့ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့ဝင်တွေ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ ဝေယံဘုံမြင့် ဘုန်းကြီးကျောင်းဝင်းမှာ စိုက်ပျိုးခဲ့တာလို့ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့က ဥပဒေအကြံပေး ဦးတင်အောင်ထွန်းက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မြစ်ကွေ့ဧရာလူမှုရေးအဖွဲ့ကို တရားဝင်မှတ်ပုံတင်ပြီး လုပ်ငန်းတွေတိုးချဲ့ဖို့ အဖွဲ့ဝင်တွေ ဒီနေ့ စည်းဝေးဆုံးဖြတ်လိုက်တယ်လို့ ဦးတင်အောင်ထွန်းက ပြောပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။