MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 11, 2012

စင်ကာပူ(သို့မဟုတ်)ဘန်ကောက်ကို ဈေးဝယ်သွားမယ့် ပြေတီဦး ပြင်ဦးလွင်မှာ သရဲအခြောက် ခံရတဲ့အကြောင်းပြောပြ

ပြေတီဦးကပြင်ဦးလွင်မှာဒါရိုက်တာဝိုင်း၊ချစ်သုဝေတို့နဲ့ရိုက်နေတဲ့ ‘ဘော်ဘော်’ဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ တော်တော်ဆိုးတဲ့ခပ် ပြောင်ပြောင် လူတစ်ယောက်အဖြစ်သရုပ်ဆာင်နေပြီးအပြင်မှာခပ်ပြောင်ပြောင်နေ တတ်တဲ့ပြေတီဦးကဇာတ်ကားထဲကလူထက် ပိုပြောင်တယ်လို့ပြောပါတယ်။
လတ်တလော အထက် မြန်မာပြည်မှာထွက်ထားတဲ့ ‘မပြောင်းလဲသော ဆက်နွယ်မှု’ကားမှာ မိုးဟေကိုက ပြေတီဦးအဖေအဖြစ် သရုပ်ဆောင်ထား သလို၊ပြေတီဦးကမိုးဟေကိုကိုကန်တော့တဲ့အခန်းလည်းပါတာမို့ အဲဒီကား
အကြောင်း  မေးတော့..”အဲဒီကားရိုက်တုန်းကတော့ မိုးဟေကို ကို ကျွန်တော့် 
 အမေလုပ်ရမယ်ပြောတော့ မိုးဟေကို အော်နေတာတော့ အမှတ်တရပဲ” လို့ ပြောပါတယ်။ ပြေတီဦးက
ဇွန်လ၉ရက်မှာ တော့ ရန်ကုန်ကိုပြန်မှာဖြစ်ပြီး၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ဒါရိုက်တာကျော်ဇောလင်း တို့နဲ့ဗီဒီယို၁ကားစီရိုက်ပြီးစင်ကာပူ(သို့မဟုတ်) ဘန်ကောက်ကို သွားမယ်လို့ သိရပါတယ်။ ခရီးစဉ်နဲ့ပတ်သက်ပြီး ”ရှောပင်းလည်းပါ တယ်။ဆေးစစ်ဖို့လည်းပါတယ်။ အူဝဲမွေးနေ့ တုန်းက လက်ဆောင်ဝယ်ပေးမယ်ပြောပြီး မဝယ်ပေးဖြစ်သေးတာ အဲဒီကတိရှိတာ ကြောင့်ဒီကနေ ပြန်တာနဲ့ပြန်ဆပ်တဲ့ သဘောပေါ့။ သမီးတော့မပါဘူး။ ငယ်သေးလို့လေ။ လက်ဆောင် ကပြောတဲ့အတိုင်း ၁ခုပဲဖြစ်မလား မသိသေးပါဘူး။ အခြေအနေပေါ် မူတည်တာ ပေါ့”လို့ပြောပါတယ်။ ဒါရိုက်တာမောင်မျိုးမင်းရိုက်တဲ့ ‘မိုင်တိုင်၂၆’ကားမှာပြေတီဦး သရဲအခြောက်ခံရတဲ့ တကယ့်အဖြစ်အပျက်ကို ထည့်ရိုက်ထားတယ်လို့ပြောပါတယ်။ အဲဒါ လေးပြန်ပြောပါဦးဆိုတော့”အဲဒီ အဖြစ်အပျက်က နှစ်တွေ တော်တော်ကြာပြီ။၁ဝနှစ် လောက်ကိုရှိပြီထင်တယ်။ ဒါရိုက်တာက ညိုမင်းလွင်၊ မင်းသားက မင်းမော်ကွန်း၊ မင်းသမီးကအူဝဲကားနာမည်က ‘ရင်ကွဲ ဘီလူး’တဲ့။သူတို့က ရွိုင်ရယ်ပတ်ဗျူးမှာတည်း ကြတာ။ညကျတော့ ကျွန်တော်ရယ်၊ ညိုမင်းလွင်ရယ်၊နေလင်းရယ် သုံးယောက် သူတို့ဆီကိဆိုင်ကယ်တစ်စီးနဲ့ သွားကြတာ။အဲဒီမှာ စားကြ၊သောက်ကြ၊သီချင်ဆိုကြနဲ့ပေါ့။ ပြီး တော့ ဓာတ်ပုံရိုက်ကြတော့မင်းမော်ကွန်းရယ်၊ သူ့မိန်းမရယ်၊အူဝဲ၊ကျွန်တော်၊ညိုမင်းလွင်၊ နေလင်းတို့၆ယောက် ဓာတ်ပုံရိုက်တာ ဘေးနားမှာ အငွေ့ကလူပုံစံမျိုးနဲ့ တစ်ယောက်က ပိုပိုနေတယ်။ပြီးတော့ ပူဖောင်းလို အလုံး ကြီးတွေပေါ်ပေါ်နေတယ်။ အဲဒါနဲ့ အူဝဲက လည်း သူအိပ်တော့မယ်။ မင်းမော်ကွန်းကလည်း သူလည်း အိပ်တော့မယ်ဆိုပြီး လစ်ရော၊ ၁ယောက်ပိုနေတော့ အားလုံးမျက်နှာတွေ ပျက်ပြီးပြန်ပြေးကြရော။ အပြန်မှာညိုမင်းလွင်က ပကြီးရယ် အကြောက်ပြေအောင် သီချင်းဆိုစမ်းပါဆိုတာနဲ့ ကျွန်တော်လည်း ‘ဟိုရှေ့ကခင်ပျိုရယ်ရုပ်အဆင်းက ချောလှတယ် တောအရပ်မှာမနေနဲ့ကွယ်မြို့ကိုလာ မောင်ခေါ်မယ်’လည်းဆိုရောကျွန် တ်ာတို့ နောက်ကို စူပါမင်းလိုပဲ ဆံပင်ရှည်ကြီးနဲ့ ကြည့်ပြီး ဆိုင်ကယ်ဘေးကနေလိုက် လာတာ ၃ယောက်စလုံးမြင်တယ်။ အဲဒါနဲ့ ဆိုင်ကယ် မမှောက်အောင်အတင်းမောင်းခိုင်းပြီးဟိုတယ် ရောက်မှပဲ လွတ်တော့တယ်။ တအားချမ်း တဲ့ အချိန်မှာ ၃ယောက်ဇောချွေးပြန်ခဲ့ရတဲ့ အဖြစ်ပေါ့ဗျာ”လို့ပြောပြခဲ့ပါတယ်။
နေကွန်းထင်

1 comment:

  1. အမငီး ကြောက်စရာကြီး ကျက်သီးတောင်ထတယ်

    ReplyDelete

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။