၂၀၁၂ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ကျင်းပမည့် ပုံမှန်လွှတ်တော် အစည်းအဝေး ခေါ်ယူလိုက်ကြောင်း ယမန်နေ့နေ့စွဲနဲ့ လွှတ်တော် ဥက္ကဋ္ဌ၊ နာယကတွေက ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။ စတုထ္ထပုံမှန်အစည်းအဝေးဟု အမည်ပေးထားသည့် ယခုနှစ်အတွင်း ဒုတိယမြောက် ကျင်းပသည့်လွှတ်တော် အစည်းအဝေးများကို နောက်လ ၄ ရက်နေ့တွင်
ကျင်းပမည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သုံးရပ်စလုံး ခေါ်ယူခဲ့ခြင်းဖြစ်ကာ ယခု လွှတ်တော်အစည်းအဝေးသည် မကြာမီ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ၀င်ရောက်ဆွေးနွေးကြမည့် အစည်းအဝေး ဖြစ်လာမည် ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင
ယခုလာမည့် လွှတ်တော်တွင် တင်ပြရန်ရှိသည့် ဥပဒေမူကြမ်းများအနက် မီဒီယာ ဥပဒေဟုခေါ်ဆိုသည့် ပုံနှိပ်ထုတ်ဝေသူများ၊ အသံလွှင့်ဋ္ဌာနများနှင့် အွန်လိုင်း သတင်းမီဒီယာများ လိုက်နာရန် ဥပဒေမူကြမ်းလည်း ပါဝင်မည်ဖြစ်သည်။ ။
No comments:
Post a Comment