MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြန်မာ-အမေရိကန် ကုန်သွယ်မှုပမာဏ ၁၀ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်ထိုးတက်လာ


မြန်မာ-အမေရိကန်ကုန် သွယ်မှုမှာ အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များကထက် သိသိသာသာ ပြန်ထိုးတက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။ပုံမှန်ကုန်သွယ်မှု မရှိခဲ့သည့် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ ၁၉၈၅ ခုနှစ်မတိုင်မီနှင့် ၁၉၈၅ ခုနှစ်နောက်ပိုင်းနှစ်များတွင် ကုန်သွယ်မှုမှာ အနည်းငယ်သာရှိခဲ့သည့် အနေအထားမှ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ ခုနှစ်များတွင် အနည်းငယ် မြင့်တက်ခဲ့မှု ရှိခဲ့သည်။ယင်းနောက် ၂၀၀၃ ခုနှစ်မှစကာ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပမာဏပင် မပြည့်သည့်အနေအထားဖြင့် ကုန်သွယ်ခဲ့ပြီးနောက် ယခုအစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်
အမေရိကန်ဒေါ်လာ သန်း ၃၀၀ ၀န်းကျင်ဖိုးအထိ ကုန် သွယ်ခဲ့သည်ဟု ထုတ်ပြန်ထားချက်များအရ သိရသည်။

အမေရိကန်နိုင်ငံမှ ယခုနှစ်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားမှုအချို့ကို ဆိုင်းငံ့ထားခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်းများကြောင့် ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ယခုကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးသာရှိသည့် အတွက် နည်းပါးသည့် ပမာဏဟု ပြောနိုင်သော်လည်း မြန်မာ-အမေရိကန် ကုန်သွယ်မှု အသက်ဝင်လာနိုင်ခြင်းကို အဓိကတွေ့ရမည်ဟု လုပ်ငန်းရှင်များကလည်း သုံးသပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတစ်ဦးက''မြန်မာ-အမေရိကန် ကုန်သွယ်မှုက တစ်ကယ်တမ်းကျတော့ စိတ်ဝင်စားစရာ ပမာဏကို မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်လောက်မှာ သန်း ၂၀ ဖိုးလောက် ပဲကုန်သွယ်ရာကနေ အခု သန်း ၃၀၀ ဖိုးကုန်သွယ်တယ်ဆိုတာ တိုးတက်တာကိုပြတာ။ လက်ရှိ အမေရိကန်ဒေါ်လာသန်း ၃၀၀ အနေနဲ့ပဲ ကြည့်မယ်ဆိုရင်တော့ ဘာမှမရှိပါဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကုန်သွယ်မှု သေနေခဲ့တဲ့ အနေအထားကနေ အခုပြန် စအသက်ဝင်လာပြီလို့ မြင်လိုက်မယ်ဆိုရင်တော့ အနောက်တံခါး ပွင့်တာနိုင်ငံအတွက် ကောင်းတဲ့ အလားအလာလို့ ပြောချင်တာပါ။ လာမယ့်နှစ်တွေအတွက်လည်း ပြင်ဆင်လို့ရတာပေါ့။ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်မှာ ၉၀ ရာခိုင်နှုန်းကျော် အဓိက အားထားနေရတာက အာရှ နိုင်ငံတွေ ချည်းပဲ။ အိမ်နီးချင်း နိုင်ငံချည်းပဲအားထားနေရတာ။ အနောက်တံခါးပွင့်လာတာကောင်းတဲ့ လက္ခဏာပါ''ဟု သုံးသပ်ခဲ့သည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။