MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

2012-06-08
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနေ့က အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ မြို့နယ် ၂ ခု အတွင်း လမ်းတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ ဗလီ၊ ကျောင်းနေရာတွေမှာ ၅ ဦး (သို့) ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရ။ ညနေ (၆) နာရီကနေ နံနက် (၆) နာရီအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားကြောင်း သမ္မတရုံးရဲ့
အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ မှူးဇော်အမည်ခံ ဖေ့စ်ဘုတ်ခ် အင်တာနက် စာမျက်မှာတော့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များ အမည်ခံ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေဟာ လက်နက်တွေနဲ့ နယ်စပ်ကို ဖြတ်ကျော်လာတယ်လို့ သတင်းရကြောင်းနဲ့ မိမိတို့စစ်တပ်တွေကလည်း အပြတ်ချေမှုန်းမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နာရီအနည်းငယ်က ဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေတွေကို တည်ငြိမ်အောင် ရခိုင်ပြည်နယ် အစိုးရက ဗဟိုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အခြေအနေတွေ ပိုမိုမဆိုးရွားအောင် ကာကွယ်နိုင်ဖို့ အတွက်လည်း ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့် ပိုပြီးရှိဖို့ လိုအပ်လာတယ် လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ ဘူးသီးတောင်နဲ့ မောင်တောအကြား အခြေစိုက်တဲ့ မြန်မာတပ်ရင်းတွေက မောင်တောမြို့တွင်းကို ၀င်ရောက် ထိန်းချုပ်ထားတယ်။ ဒါအပြင် မိတ္ထီလာ လေတပ်ကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြောင်း မိတ္ထီလာ လေတပ်အသိုင်းအ၀ိုင်းကို ကိုးကားပြီး Yangon Press International သတင်းမှာ ရေးသားထားပါတယ်။
NLD နာယက ဦးတင်ဦးကို ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒေါက်တာအေးမောင်နဲ့ ဒေါ်အင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။