MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ရွှေဘိုစု င၀န်ရေကာတာပန်းတာဖို့ခဲ့ခြင်းကြောင့် နေအိမ်နှင့် လယ်ယာမြေများ ဆုံးရှုံးခဲ့

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စု ရွှေဘိုစုင၀န်ရေကာတာ ပန်းတာဖို့ခဲ့ခြင်းကြောင့် နေအိမ်နှင့်လယ်ယာမြေများ ဆုံးရှုံးခဲ့ရသော တောင်သူများအား တစ်စုံတစ်ရာ ပြန်လည်ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။
''ရွှေဘိုစု င၀န်ရေကာတာပန်းတာဖို့ဖို့လုပ်ငန်းခွင် ဧရိယာအတွင်းမှာရှိတဲ့အတွက် အိမ်ကိုးလုံး၊ လယ်ဧက ၄၀ ကျော်နဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရွှေ့ပေးခဲ့ရပါတယ်။ ရွှေ့ခဲ့ရတဲ့သူတွေက နေစရာနေရာ မရှိတဲ့အတွက် လမ်းမကြီးဘေးမှာ ဖြစ်သလို နေထိုင်နေရပါတယ်။ အခုလို လမ်းဘေးကိုပြောင်းပြီး နေရတာ
သုံးလခွဲ ရှိပါပြီ။ ကျေးရွာဘုန်းတော်ကြီးကျောင်းကိုလည်း အလှူငွေရှာပြီး ပြန်လည်တည်ဆောက်
 နေရပါတယ်။ လယ်ဧကတွေပါ ဆုံးရှုံးရတာကြောင့် လုပ်ကိုင်စားသောက်စရာမရှိဘဲ မြေယာမဲ့ဘ၀ကို
 ရောက်နေရပါတယ်။ လူပေါင်းများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် ရေကာတာပန်းတာကြီးပြုလုပ်ခဲ့တာကို ၀မ်းသာကျေနပ်မိပါတယ်။ လူနည်းစုဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေအတွက်ကိုလည်း စဉ်းစားပေးစေချင်ပါတယ်''ဟု ဒေသခံတစ်ဦးကပြောကြားသည်။

''မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှက ရွှေ့ပြောင်းခဲ့ရတဲ့ တောင်သူတွေကို မြေ၀ယ်နိုင်ရင် ၀ယ်နေ၊ မ၀ယ်နိုင်ရင် ဆည်မြောင်းပိုင်တဲ့ တာဘေးမှာ တစ်နှစ်တော့ နေခွင့်ပေးမယ်လို့ ပြောပါတယ်။ တောင်သူတွေက အလုပ်လက်မဲ့ဖြစ်နေပြီး အစစအရာရာ အခက်အခဲတွေရှိတာ ကြောင့် သက်ဆိုင်ရာအနေနဲ့ ရွှေ့ပြောင်းခဲ့ရတဲ့ တောင်သူတွေရဲ့ဘ၀ကို နားလည်ပေးစေချင်ပါတယ်''ဟု အဆိုပါဒေသခံက ဆက်လက်ပြောကြားသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။