MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 16, 2012

မြိုသူကြီးရပ်ကွက်မီး ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေပြော


RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် မီးလောင်ကျွမ်းသွားသော အိုးအိမ်များကိုတွေ့ရပုံ။

2012-06-15
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှာ ဒီကနေ့မနက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားပါတယ်။ ဒီမီးဟာ ရှို့မီးဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
အဲဒီရပ်ကွက်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က မီးရှို့ခံရတဲ့ ရပ်ကွက်နဲ့ တဆက်တည်းဖြစ်ပြီး မီးဘေးက လွတ်ခဲ့တဲ့အိမ်တွေကိုထပ်ပြီး ဒီကနေ့မနက် ၁ နာရီခန့်က လာရှို့တာဖြစ်
တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့သူတွေဟာလည်း ရပ်ကွက်တွင်းနေထိုင်သူတွေဖြစ်ပြီး နေအိမ်တွေကနေ ထွက်ပြေးသွားရာက ပြန်လာပြီးမီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရပ်ကွက်ဟာ မြစ်ကမ်းနဘေးမှာရှိတဲ့ တံငါရွာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"တစ်ချက်ထိုး ကျော်လောက်မှာလေ၊ လှေနဲ့လာပြီးတော့ မီးကွင်းပစ်ပြီးတော့ မီးလောင်အောင်လုပ်တာ။ မီးရှို့တာလေ။ အိမ်က ဟိုလောက်ပါသွားမယ်ထင်တယ်။ ၇ လုံးလား မသိဘူး။ သူတို့အိမ်တွေပဲဖြစ်နေတယ်။ သူတို့ကဒီလိုပေါ့။ သူတို့အိမ်ကတဲစုတ်တွေဖြစ်နေတော့လေ၊ အဲဒါမီးကူးလွယ်တယ်ဆိုတော့ မီးပစ်တယ်။ မီးကူးအောင်လုပ်တာ"
တကယ်လို့ မီးဆက်လောင်ရင် လမ်းမတော်လမ်းဘက်က အိမ်ကြီး အိမ်ကောင်းတွေဘက် မီးကူးလာနိုင်ပေမဲ့ မိုးရွာလိုက်တဲ့အတွက် မီးမကူးတော့ဘူးလို့ မြို့ခံတွေက ပြော ပါတယ်။
ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ စစ်တွေမြို့မှာ ဆူပူအကြမ်းဖက်သူတွေ ဖမ်းဆီးရမိဆိုတဲ့ သတင်းပါရှိပြီး အိမ်မီးရှို့ရာမှာအသုံးပြုတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိတယ် လို့ ဖော်ပြထားပါတယ်။
စစ်တွေမြို့လူထုကတော့ ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လုံးပန်းနေကြတယ်လို့ ပြောကြပါတယ်။ စစ်တွေမြို့မှာ သား၊ ငါး၊ ဟင်းရွက်ဈေးသာဖွင့်ပြီး မြို့မဈေး နဲ့ မြို့ထဲကဆိုင်ခန်းတွေ ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်လူငယ်တွေကို လုံခြုံရေး တာဝန်ယူခွင့်မပြုဘူးလို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ် မောင်တောက ဒုက္ခသည်များအခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
တင်ပြချက်။
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။