ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ
ရပ်စဲရန်နှင့် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အတွက်
ကချင်လူငယ်များက ဦးဆောင်လှုံ့ဆော်ထားကြောင်း သိရသည်။
မြန်မာပြည်တွင်းနှင့်
နိုင်ငံတကာရောက် အစည်းများက ဇွန်လ ၇ ရက်မှ ၁၄ ရက်နေ့ထိ ငြိမ်းချမ်းရေး
လှုပ်ရှားမှုများ လုပ်ဆောင်သွားရန် ၂၇ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၄ ဖွဲ့က
လက်မှတ်ရေးထိုးကာ လှုပ်ရှားမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း ကချင်ပြည်နယ်လုံး ဆိုင်ရာ ကျောင်းသားလူငယ်သမဂ္ဂ AKSYU
အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့်က ပြောသည်။
“နိုင်ငံပေါ်မူတည်ပြီးတော့ငြိမ်းချမ်းရေးနဲ့
ပတ်သက်တဲ့ သဝဏ်လွှာကို သမ္မတကို ပေးမယ်။ သံရုံးမရှိတဲ့နေရာမှာ
ဆုတောင်းတာတို့၊ ဂျိုးငှက် လွှတ်တာတို့၊ ပိုစတာ ကိုင်တာတို့၊
ပန်းချီပြတာတို့ လှုပ်ရှားမှုတွေလုပ်လို့ ရတယ်။
ပြည်တွင်း အနေအထားက ဒေသပေါ်
မူတည်ပြီးတော့ လှုပ်ရှားကြမယ်။ ဆုတောင်းပွဲ၊ ကိုယ်ကျွမ်းကျင်နဲ့ အနုပညာ
တင်ဆက်မှု၊ ကချင်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တခု လုပ်ပေးဖို့
နိုးဆော်ထားတယ်”ဟု မဇ္စျိမကို ပြောသည်။
၂ဝ၁၁ ခုနှစ် ဇွန်လ ၉
ရက်နေ့တွင် မြန်မာအစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော
တနှစ်ပြည့် အထိမ်းအမှတ်များ ကမ္ဘာတဝှန်း လုပ်ဆောင်သွားမည် ဖြစ်သည်။
အင်္ဂါနေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် လူ ၄ဝ ခန့်က ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြ သည်။
“ကချင်စစ်ပြေးဒုက္ခတွေလည်း
၇ သောင်းကျော်ရှိလာပြီ။ သူတို့ကိုလည်း အမြန်ဆုံး ကူညီစေချင်တယ်။
စစ်မှန်တဲ့ အနှစ်သာ ရရှိတဲ့ တွေ့ဆုံ ဆွေးနွေးရေးလုပ်ပေးဖို့
တောင်းဆိုချင်တာပါ”ဟု ကိုနော်ဆန့်က ပြောသည်။
KIO နှင့် အစိုးရ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ငါးကြိမ်ထက် မနည်း တွေ့ဆုံ
ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးသဖြင့် နိုင်ငံရေးအရ တွေ့ဆုံ
ဆွေးနွေးမှုကို အမြန်ဆုံး လုပ်ဆောင်စေလိုသည်ဟု သူက မဇ္စျိမကို ပြောသည်။
“တွေ့ဆုံနေပေမယ့် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အထက်ကို တင်ပြမယ် ဆိုတာပဲဆိုတော့ ဘယ်နှစ်ကြိမ်တွေ့
တွေ့ ထူးမလာဘူး။ အထက်ကို တင်ပြမယ် ဆိုတာလောက်နဲ့ ပြီးသွားတာမျိုးက အချိန်ပုပ်တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်တွင်း
စစ်ပွဲများရပ်စဲရေးနှင့် လူမှုဘေးဒုက္ခများ ရပ်စဲရန်အတွက် သမ္မတ
ဦးသိန်းစိန်သို့ လိပ်မူထားသည့် အဖွဲ့အစည်းပေါင်း ၇၁ ဖွဲ့က ပူးပေါင်း
အရေးဆိုလိုက်သည့် စာကို ဘန်ကောက်မြို့ မြန်မာသံရုံးမှတဆင့် ပေးပို့လိုက်
သည်။ ထိုစာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်
ကွင်တားနားထံသို့လည်း မိတ္တူပေးပို့ခဲ့သည်။
မဇ္စျိမ
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Tuesday, June 5, 2012
ကချင်ပြည်နယ် တိုက်ပွဲများ တနှစ်ပြည့် လှုပ်ရှားမှု စတင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment