MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 18, 2012

မသီတာထွေးအား အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သူများကို သေဒဏ် စီရင်ချက်ချ

ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွာနေ မသီတာထွေးအား မေလ ၂၈ ရက်နေ့က အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့သော တရားခံများအား ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်ဖြူခရိုင်တရားသူကြီးက
 သေဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။မသီတာထွေးအား အဓ္ဓမပြုကျင့်ကာ ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သုံးဦးအနက် အဓိက တာဝန်အရှိဆုံးအဖြစ် စွပ်စွဲခံခဲ့ရသူ ထက်ထက်(ခ)ရော်ရှီးမှာ ဇွန်လ(၉)ရက်နေ့ ညနေ ငါးနာရီခန့်က ကျောက်ဖြူအကျဉ်းထောင်အတွင်း၌
မိမိကိုယ်ကိုယ် အဆုံးစီ ရင်သွားခဲ့ခြင်းကြောင့် ကျန်နှစ်ဦးဖြစ်သည့် ရော်ဖီးနှင့်ခိုချီးတို့နှစ်ဦးမှာ ယခုပြစ်ဒဏ်အား ခံစားရမည်ဖြစ်သည်။
မသီတာထွေး၏ အမှုအား ဇွန်လ(၈)ရက်နေ့တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆/၃၉၂/၃၀၂ (၁)(ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ၁၃ရက်နေ့တွင် တရားလို သက်သေများအား စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင်  ကျောက်ဖြူခရိုင် တရားသူကြီးအား လျှောက်လွှဲချက်များ တင်သွင်းပြီး အဆိုပါ ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် တရားခံများအား စစ်ဆေးခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

'' မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ကျောက်ဖြူခရိုင် တရားရုံးက ခရိုင်တရားသူကြီးက ထက်ထက်(ခ) ရော်ရှီး၊ရော်ဖီးနဲ့ ခိုချီးတို့ကို ပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် ချမှတ်ခဲ့ပါတယ်''ဟု ကျောက်ဖြူမြို့မှ Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ပါသည်။
ထက်ထက်(ခ)ရော်ရှီး၊ ရော်ဖီးနှင့် ခိုချီးတို့သည် ကျောက်နီမော်ကျေးရွာတွင် စက်ချုပ်သင်ပြီးပြန်လာသော မသီတာထွေးအား မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက်ထရံကျေးရွာအနီးတွင် အဓ္ဓမပြုကျင့်ကာ ပါလာသော ရွှေထည်ပစ္စည်းကို လုယူပြီး သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုစီရင်ချက်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အတည်ပြုရဦးမည်ဖြစ်သည့်အတွက် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရသူများ အနေဖြင့် ၇ ရက်အတွင်း အယူခံခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။