MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 17, 2012

"ရှောင်တခင် လယ်သမားကြီးများ"



ပုံမှာတွေ့ရတာကတော့ လယ်သမား အစစ်တွေပါ (ဓာတ်ပုံများ-ဧရာဝတီ)

လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို အသွင်ကူးပြောင်းလာတော့မှ လယ်လုပ်ချင်လာတဲ့ "ရှောင်တခင် လယ်သမားကြီးတွေ" နဲ့ တကယ့်လယ်သမားစစ်စစ်တွေကြား သူပိုင်ငါပိုင် အားပြိုင်မှုတွေကလည်း မိုးတွင်းမှာ ပိုပြီး ကြီးထွားလာပါတယ်။ဆင်းရွှေလီ၊ ယုဇန၊ ဦးပိုင် (မြ၀တီစိုက်ပျိုးရေး)၊ ထူး၊ ဒဂုန်အင်တာနေရှင် စတဲ့ ကုမ္ပဏီ ၄ ခု က ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ တောင်တလုတ်ရွာ၊

စစ်ပင်ကွင်း၊ သုံးခွ၊ ရွာသာကြီးစတဲ့ ရွာများက တောင်သူလယ်သမားတွေနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ချင်တယ် တဲ့။

ဒီလို ပူးပေါင်းလုပ်ကိုင်ဖို့ ၂၀၀၈ ခုနှစ်က သမ္မတဦးသိန်းစိန် (အဲဒီတုန်းက ၀န်ကြီးချုပ်) ကိုယ်တိုင် လယ်သမားတွေနဲ့ တွေ့ဆုံပြီး ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ပူးပေါင်းလုပ်ကိုင်ဖို့ ကုမ္ပဏီတွေဘက်က မျိုးကောင်းမျိုးသန့်တွေ ပေးရမယ်၊ မြေသြဇာတွေ ပေးရမယ်၊ ငွေကြေးအရင်းအနှီးနဲ့ ပတ်သက်ပြီး အတိုးနှုန်း မယူဖို့၊ မြေတွေကို ပြင်ပေးဖို့၊ ရလာတဲ့ အကျိုးအမြတ်ထဲက လယ်သမားတွေကိုလဲ အချိုးကျခွဲပေးရမယ်။ လယ်သမားတွေကိုလဲ ခင်ဗျားတို့ လယ်တွေကို မသိမ်းတော့ဘူး၊ လယ်တွေကို အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်လို့ ရပြီလို့ ဦးသိန်းစိန်က လယ်သမားတွေကိုပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပြောလိုက်ပြီး သိပ်မကြာဘူး ကုမ္ပဏီတွေဘက်က လယ်တွေ ၀င်ထွန်တယ် မြေတွေညှိတယ်၊ ကန်စင်းရိုးတွေကို ဖြိုတယ်၊ အားလုံးပြီးတာနဲ့ လယ်သမားတွေရဲ့ တဲအိမ်တွေကို စပြီးဖျက်ပါတယ်။ ပြီးတော့ ပြောင်းရွှေ့စရိတ် ဆိုပြီးတယောက်ကို ၂သောင်း နဲ့ မြေကွက်တကွက်ပေးပြီး ဖယ်ခိုင်းလိုက်တယ်၊ လယ်ထဲကို လုံးဝ အ၀င်မခံတော့ဘူးလို့ ပြောပြပါတယ်။

လယ်သမားတွေ လယ်လုပ်ခွင့် မရတာ ၄ နှစ် ရှိသွားပြီ လို့ သိရပါတယ်။ လယ်တွေကိုမသိမ်းဘူးလို့ ပြောခဲ့ပေမယ့် လောလောဆယ်တော့ လယ်ဧက ၂၇၇၁ ဧက အသိမ်းခံလိုက်ရပြီလို့ ပြောပြပါတယ်။

ဒီနှစ်တော့ ရရစားစား ဘ၀နဲ့ အသက်ရှင်နေမယ့်အစား ကိုယ့်လယ်ထဲ ကိုယ်တိုင်ဆင်းပြီး လယ်သမားတွေ လယ်ထွန်နေကြပါပြီ ။ အုပ်ချုပ်ရေးမှူးတွေကလည်း ချက်ချင်း လာတားပါတယ်။ လယ်သမားတွေ ပြောတာက ကုမ္ပဏီတွေဘက်က လယ်ထွန်နေတာကိုလည်း တားပါ၊ တားလို့ရရင် ကျုပ်တို့လည်း ရပ်ပေးလိုက်မယ်။ ကုမ္ပဏီတွေကိုမတားနိုင်ရင် ကျုပ်တို့လည်း ရပ်မပေးနိုင်ဘူး တဲ့။

မနေ့က လယ်သမားတွေကို ရှေ့နေ ကိုဖိုးဖြူ၊ ပြီးတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဝင်တွေ ရပ်တည်ပေးနေတာကို တွေ့ရပါတယ်။









ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။