ယခုရက်ပိုင်းအတွင်း ရခိုင် ပြည်နယ်၌ ဖြစ်ပွားနေသော ကိစ္စရပ်များကြောင့်
ရန်ကုန်မြို့မှ စစ်တွေ နှင့် ကျောက်ဖြူမြို့များသို့ သွားရောက်မည့် ခရီးသည်
နည်းပါးနေသောကြောင့် ရန်ကုန်-စစ်တွေပြေးဆွဲနေသည့်
ခရီးသည်တင်ယာဉ်လိုင်းများ ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ပြေးဆွဲမှု
ရပ်နားထားကြောင်း ရန်ကုန်-စစ်တွေခရီးသည်တင်ယာဉ်လိုင်း များထံမှ သိရှိရသည်။
ထို့ပြင် စစ် တွေမြို့မှ ဘူးသီးတောင်၊ မြောက်ဦး
နှင့်တောင်ကုတ်မြို့များသို့ ပြေးဆွဲ နေသည့် ပြည်တွင်းရေကြောင်း
သင်္ဘောခရီးစဉ်များလည်း ရပ်နားခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ
တာဝန်ရှိသူတစ်ဦးထံ မှ
သတင်းရရှိပါသည်။
“ဒီရက်ပိုင်း စစ်တွေမှာဖြစ်ပွားနေတဲ့ ကိစ္စတွေကြောင့် အဲဒီကိုသွား
တဲ့ခရီးသည်လည်း အရမ်းကိုနည်း နေပါတယ်။ အဲဒီအတွက် စစ်တွေ ခရီးစဉ်ကို
ဒီနေ့(ဇွန်လ ၁၁ ရက်)က စပြီးပြေးဆွဲဖို့ လေးရက်လောက်ရပ် ထားပါတယ်။
ကျောက်ဖြူဘက်ကိုလည်း ခဏရပ်ထားတယ်။ ခဏပဲ ရပ်ထားတာဖြစ်ပြီး အခြေအနေတွေ
ပုံမှန်အတိုင်းပြန်ဖြစ်သွားရင် ပုံမှန် အတိုင်းပဲ ပြေးဆွဲမှာပါ”ဟု
ရန်ကုန်-စစ်တွေခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြော
ကြားခဲ့သည်။
အဝေးပြေးလက်မှတ် အရောင်းဌာနတစ်ခုမှ တာဝန်ရှိသူတစ်ဦးက
“ကျွန်မတို့လက်မှတ် အရောင်းဌာန တွေမှာတော့ လက်မှတ်တွေပုံမှန်အတိုင်း
ရောင်းချပေးနေပါတယ်။ ခရီး စဉ်ထွက်ဖြစ်မယ်၊ မထွက်ဖြစ်ဘူးက တော့
ကားဂိတ်နဲ့ပဲဆိုင်ပါတယ်။ မထွက်ဖြစ်လို့ လက်မှတ်ပြန်အမ်းတယ်၊
မအမ်းဘူးဆိုတာလည်း ကားဂိတ်နဲ့ပဲ ဆိုင်ပါတယ်။ စစ်တွေဘက် မှာ
ညမထွက်ရအမိန့်ထုတ်ထားပေ မယ့် မနက် ၆ နာရီ ည ၆နာရီအတွင်း
ပုံမှန်သွားလို့ရတဲ့အတွက် တချို့ယာဉ်လိုင်းတွေတော့ ပြေးဆွဲမယ် ပြောတယ်။
လက်မှတ်ဈေးနှုန်းတွေ ကတော့ ပုံမှန်အတိုင်းပါပဲ”ဟုလည်း ပြောကြားခဲ့သည်။
ရန်ကုန်-စစ်တွေ၊ ရန်ကုန်-ကျောက်ဖြူ ခရီးသည်တင်ပို့ဆောင်ရေး
လုပ်ငန်းအချို့ ယခုရက်ပိုင်းအတွင်း လေးရက်ခန့်ပြေးဆွဲမှုရပ်နားထား သော်လည်း
ရန်ကုန်-သံတွဲ၊ ရန်ကုန် -တောင်ကုတ်ပြေးဆွဲနေသော
ခရီးသည်တင်ယာဉ်လိုင်းများမှာမူ ပုံမှန်အတိုင်းပင်
ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း ရဲအောင်လံခရီးသည် ပို့ဆောင်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော မငြိမ်သက်မှုများကြောင့်
စစ်တွေ-ဘူးသီးတောင် ပြည်တွင်း ရေကြောင်းခရီးစဉ်အား ဇွန်လ ၉ ရက် နေ့တွင်
ရပ်နားခဲ့ပြီး၊ စစ်တွေ-မြောက် ဦးခရီးစဉ်အား ဇွန်လ ၁၂ ရက်နေ့တွင်
ရပ်နားခဲ့သည်။
“ဘူးသီးတောင်မြို့ကို သင်္ဘော ဆိုက်ကပ်တဲ့အချိန်က ည ၆ နာရီ ၄၅ မိနစ်
ဖြစ်ပါတယ်။ ညမထွက်ရအမိန့် ထုတ်ထားတဲ့အခါမှာ ခရီးသည်တွေ အတွက်
အခက်အခဲရှိနိုင်မှာဖြစ်လို့ အခုလို ခရီးစဉ်တွေကို ရပ်နားခြင်းပါတယ်”ဟု
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၁ ရက်နေ့က
ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် တစ်ခုလုံးတွင် အရေးပေါ်အခြေအနေ ကြေညာချက်
ထုတ်ပြန်ထားခြင်းကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏
ရခိုင်ဌာနခွဲခရီးစဉ် များတွင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှု
နည်းပါးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၏
သင်္ဘောများ ပေါ်တွင် လုံခြုံရေးအစောင့်အရှောက် များလိုက်ပါကာ ခရီးသည်များ၏
လုံခြုံရေးအား ဆောင်ရွက်ပေးနေသည်ဟုလည်း သိရသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ ရခိုင်ပြည်နယ်အ
တွင်းပြေးဆွဲနေသော ခရီးစဉ်လေးခု ရှိပြီး ယင်းခရီးစဉ်များမှာ
စစ်တွေ-မြောက်ဦး၊ စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-တောင်ကုတ်နှင့်
တောင်ကုတ်-မာန်အောင် ခရီးစဉ်များဖြစ်ကြောင်း သိရသည်။
News-Eleven
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Wednesday, June 13, 2012
ယခုရက်ပိုင်းအတွင်း ရန်ကုန်-စစ်တွေသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် စစ်တွေမှ ဘူးသီးတောင်၊ မြောက်ဦး၊ တောင်ကုတ်သို့ ပြေးဆွဲနေသည့် သင်္ဘောခရီးစဉ်များ ရပ်နားထား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment