MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 13, 2012

မြန်မာတိုင်းရင်းသားများအရေး ဂျပန် ချစ်ကြည်ရေးသံတမန်ခန့်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။
အဆိုပါ ခန့်အပ်လွှာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဇွန်လ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့်ပေးအပ်လိုက်ခြင်း ဖြစ်သည်။“တိုင်းရင်းသား လူနည်းစုတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင်နဲ့ အစိုးရနဲ့သူတို့အကြား အမှန်တကယ် အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာစေဖို့အတွက် ၈ျပန်အစိုးရနဲ့ လက်တွဲပြီး ကျနော့်အနေနဲ့
ပုဂ္ဂလိကကဏ္ဍ အဆင့် ကနေ လုပ်ကိုင် ဆောင်ရွက်သွားလိုပါတယ်” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က အခမ်းအနားတွင်
ပြောကြားသွားသည်။

niponfoundation၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်း မြန်မာနိုင်ငံသို့ ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့က လူနည်းစု တိုင်းရင်းသားများကို ကူညီရန် တိုက်တွန်းခဲ့ဖူးသည်။

ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှလည်း မြန်မာနိုင်ငံ ကိုယ်ရေပြားရောဂါ တိုက်ဖျက်ရေး အတွက် ချစ်ကြည်ရေး သံတမန်အဖြစ် ၂ဝဝ၁ ခုနှစ်က ခန့်အပ်တာဝန်ပေးခဲ့ဖူးပြီး ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ကိုယ်ရေပြားရောဂါသည်များ၏ လူအခွင့်အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံ ခဲ့ရဖူးသည်။

ယခု အစီအစဉ်တွင် တောင်ပေါ်စိုက်ပျိုးရေးတန်ဖိုး တိုးမြှင့်ရန် အတွက် ဆေးဖက်ဝင်အပင်များ၊ ကျောင်းဆောက်လုပ်ရေးများ၊ ဆေးသေတ္တာများ၊ စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားရသူများအတွက် ခြေတု လက်တုများ အပါအဝင် လူနည်းစုတိုင်းရင်းသားများဘဝ တိုးတက်ရေးအတွက် အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။

“ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးဆိုတာဟာ ဒေသခံပြည်သူတွေရဲ့ သဲညှာကို အထိရောက်စေဆုံး
ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂမ်းဘား က ပြောသည်။

“မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေး အောင်မြင်မှုမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ကျနော့်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးတွေမှာ အသားပေး ကူညီသွားမှာပါ” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က ခန့်အပ်လွှာ လက်ခံပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။



No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။