MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 11, 2012

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်

2012-06-11
ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းအပေါ် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားအမြင်တွေကို ရှင်းလင်းတင်ပြရခြင်း ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်က လက်ရှိပဋိပက္ခကြောင့် သေဆုံးသွားသူများအတွက် ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။
"အခု ဒီဖြစ်ပေါ်သွားတဲ့ ဒီအဖြစ်ဆိုးဟာပေါ့လေ၊ တကယ်တော့ တဘက်နိုင်ငံက နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို နည်းမျိုးစုံနဲ့ ဝင်ရောက်လာတယ်။ လူဦးရေများလာတယ်။ ဒီများလာတဲ့လူဦးရေအရ တဘက်စောင်းနင်း ဆက်ဆံမှုတွေ ရှိတဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ရတယ် ဆိုတာကို မီးမောင်းထိုးပြချင်တာ"
လက်ရှိ ဘူးသီးတောင်၊ မောင်တောမြို့မှာ အခြေအနေတွေ ဆိုးဝါးနေပြီး တခြားမြို့တွေကိုပါ ကူးစက်လာနေတဲ့အတွက် မိမိတို့အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို အမြန်ဆုံးရပ်စဲအောင် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများ အခြားအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေ မပြန့်ပွားအောင် ကြိုတင်တားဆီး ကာကွယ်မှုတွေ ပြုလုပ်ရန်၊ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လုံခြုံရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးရန်နဲ့ ဘူးသီးတောင် မောင်တောဒေသ ပြန်လည်ထူထောင်ရေးကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန်၊ တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသားဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် စတဲ့အချက်တွေကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ပျက်မူတွေအပေါ်ဆန္ဒဖော်ထုတ်ခြင်းနဲ့ ဆုတောင်းပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာပြုလုပ်ပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုမိုးကျော်က သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်တွေကြားမှာ ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘူးလို့ မြန်မာ-မူစလင် အမျိုးသားရေးရာ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်ခင်က ပြောလိုက်သလို အစ္စလာမ်ဘာသာဝင်တွေအားလုံး မေတ္တာတရားနဲ့ ယှဉ်ပြီး ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ဖို့ မြန်မာ-မူစလင် အမျိုးသားရေးရာအဖွဲ့ချုပ် က တိုက်တွန်းလိုက်ပါတယ်။
ဦးကျော်ခင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။