MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

ဖက်ရှင်လန်းလန်း အိုက်တင်ဆန်းဆန်းတွေကြားက လူငယ်သရုပ်ဆောင် ဖွေးဖွေး


ကိုယ်ပိုင်စတိုင်ထွင်ပြီး အနုပညာလောကကနေပရိသတ်တွေရဲ့ အားပေးမှုကို ရယူဖို့ကြိုးစားနေတဲ့ လူငယ်အနုပညာရှင် သရုပ်ဆောင်တွေထဲမှာ ဖွေးဖွေးလည်း တစ်ယောက် အပါအဝင်ပါ။ ကိုယ့်ရဲ့ဖက်ရှင်က လူငယ်တွေကြားမှာ ထင်လင်း ပေါ်လွင်နေစေဖို့ အတွက်လည်း ဖွေးဖွေးက အမြဲတမ်းဖက်ရှင်ကို ဆန်းသစ်နေတတ်ခဲ့သူပါ။ ဒါကြောင့် စိတ်ကူးဆန်းဆန်းတွေနဲ့ ဖက်ရှင်လန်းလန်း၊ အိုက်တင်ဆန်းဆန်းလေးတွေကို ထွင်လေ့ရှိတဲ့ ဖွေးဖွေးကို သူ့စိတ်ကြိုက်ဖက်ရှင်နဲ့ ပတ်သက်ပြီး အင်တာဗျူး ဖြစ် ခဲ့ပါတယ်။
မေး-ဖွေးဖွေးကဖက်ရှင်နဲ့ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်လေ့လာတာမျိုးလေးတွေကောရှိလား။ နောက် ကိုယ့်ရဲ့ စိတ်ကူးနဲ့ကော ဒီဇိုင်းထွင်ပြီး ဝတ်ဖြစ်လား။
ဖြေ-ဖွေးဖွေးဖက်ရှင်နဲ့ပတ်သက်ပြီးတော့ အမ်တီဗီကြည့် တယ်။ မဂ္ဂဇင်းတွေဖတ်တယ်။ ပြီးတော့ တစ်ခါတလေ အင်တာနက်မှာကြည့် ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ထွင်ဖြစ်တယ်။ ဒီဇိုင်နာနဲ့တိုင်ပင် ပြီးတော့လည်း ထွင်ဖြစ်တယ်။
မေး-အဝတ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘယ်လိုမျိုး အကြံပေးချင်တာမျိုးတွေရှိလဲ။
ဖြေ-အင်း..လောလောဆယ် ရာသီဥတုနဲ့ ဆိုရင်တော့ ချည်သားလေးတွေကိုပဲ ပွပွလေး ဝတ်ကြပါလို့။ ပြီးတော့ ဖက်ရှင်လည်းကျရမယ်။ ကိုယ်နဲ့လည်း သက်သောင့် သက်သာရှိဖို့က ပိုပြီးတော့ အရေးကြီးတယ်ပေါ့နော်။ တစ်ခါတလေကျတော့လည်း နေရာဒေသအလိုက် ကိုယ့်ကိုလူကြီးတွေက ဖိတ်တဲ့ပွဲဆိုရင် လူကြီးတွေနဲ့ သင့်တော်အောင် ဝတ်ရမယ်။ လူငယ်တွေနဲ့ဆိုရင်လည်း လူငယ်ပုံစံလေးပေါ့။ ကိုယ်ကြိုက်တဲ့ပုံစံလေးလည်း ဖြစ်ရမယ်။ အဲဒီလိုမျိုးဆိုရင် ကိုယ့်ဟာကိုယ်လည်း ယုံကြည်မှု ရှိပြီး ပိုပြီးတော့လည်း လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလေးရှိတယ်လို့ ထင်တယ်။
မေး-ဇာတ်ကားတွေထဲမှာကော ဖွေးဖွေး ဘယ်လိုမျိုးဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဖြစ်လဲ။
ဖြေ-ဇာတ်ကားကျတော့ ဖွေးဖွေးဇာတ်ကောင်ရဲ့ ကာရိုက်တာကိုပဲ ပိုကြည့်တာများတယ်။ တစ်ခါတလေ ကာရိုက်တာမရှိတဲ့ ကားတွေ ကိုလည်း ရိုက်ဖူးတယ်ပေါ့နော်။ ဘာမှမဟုတ်ဘူး။ မိဘတွေကိုချစ်တဲ့ ကောင်မလေးကာရိုက်တာမျိုး၊ ပြီးတော့ ထူးထူးခြားခြား မရှိဘူးဆိုရင်တော့ ကိုယ်ကြိုက်တဲ့ပုံစံမျိုးတွေ ဝတ်ဖြစ်တယ်။ ဥပမာ အူကြောင်ကျား ကာရိုက်တာမျိုးဆိုရင်တော့ သူ့ကာရိုက်တာနဲ့ လိုက်တာမျိုးဝတ်ဖြစ်တယ်။ ဟော့ဖြစ်တယ်ဆိုလည်း ဟော့ဒီဇိုင်မျိုး သူ့ဟာနဲ့သူ လိုက်ဖက်အောင်တော့ ဝတ်ဖြစ်ပါတယ်။
မေး-ဖွေးဖွေးအနေနဲ့ အနုပညာလောကကို စဝင်ကတည်းက ကိုယ်ပိုင်စတိုင်ဆိုပြီးတော့ ထွင် ထားတာမျိုးကော ရှိလား။
ဖြေ-ဖွေးဖွေးက အဲဒီလိုမျိုးတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွေးဖွေးရဲ့ခံယူချက်က ဘယ်အရာမဆို အစွန်းရောက်ရင် မသင့်တော်ဘူး လို့ထင်တယ်။ ကိုယ့်စတိုင် ဆိုပြီး ကိုယ်ကြိုက်တာချည်းပဲ ရွေးလုပ်တာမျိုးဆိုရင် ပရိသတ်ငြီး ငွေ့သွားမယ်။ အဲဒါကြောင့် ကိုယ်ကြိုက်တာလုပ်တယ်။ ပရိသတ်ကြိုက်တာလည်း လုပ်တယ်။ တစ်လှည့် စီပေါ့နော်။
မေး-ဖွေးဖွေးအနေနဲ့ အမြဲတမ်း ဒီဇိုင်းတွေ ဖက်ရှင်တွေဆိုရင် ထွင်ပြီးဝတ်လေ့ရှိတယ် ဆိုတော့ အဲဒီအတွက် ပရိသတ်တွေအပေါ်မှာကော ဘယ်လိုမျိုး သက်ရောက်မှု ရှိစေတယ်လို့ ထင်မိလဲ။
ဖြေ-ပရိသတ်တွေနဲ့ကိုယ်နဲ့ကျတော့ သူတို့ ကိုယ့်ကို အရင်မြင်တာ အပေါ်ယံကိုမြင်တယ်ဆိုတော့ ကိုယ့်ရဲ့အပေါ်ယံအမြင်မှာ သူတို့အတွက် တစ်ခုခုပေါ့။ မိုက်တယ်၊ ဆန်းတယ်ဆိုရင် သူတို့လည်း လိုက်ဝတ်ချင်တယ်။ ပြီးတော့ ကိုယ့်ကို သူ ဝတ်ထားတာလေးက ဘာပုံလေးလဲမသိဘူးဆိုပြီး ပြောစရာ စကားလေးတစ်ခုခု ရသွားအောင် လို့ ဝတ်ချင်တယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ကိုယ်ကြိုက်တဲ့ ပုံစံတွေကို ဝတ်တာများတယ်။
မေး-ဖွေးဖွေးရဲ့ အလှအပနဲ့ ဖက်ရှင်ပိုင်းကိုကော ဘယ်လိုမျိုးထိန်းသိမ်းဖြစ်လဲ။
ဖြေ-ဖွေးဖွေး အသွားအများဆုံး ပြင် ဖြစ်တဲ့ဆိုင်က ကျောက်မြောင်းက Helloဆိုင်ပေါ့နော်။ မချိုတို့၊ မခိုင်တို့သူတို့က ကြော်ငြာတွေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဖွေးဖွေးကို အမြဲစပွန်ဆာပေးတယ်။ Helloဆိုင်ကိုတော့ အများဆုံးသွားပြီး ပြင် ဖြစ်ပါတယ်။
မေး- ဖွေးဖွေးက ပျော်ပျော်နေတတ်တယ် ဆိုတော့ ဖွေးဖွေးမှာ ပရိသတ်မသိသေးတဲ့ အမူအကျင့်က ဘာလို့ပြောလို့ရမလဲ။
ဖြေ- ဖွေးဖွေးမှာအမူအကျင့်ဆိုတာတော့ ပုံသေကြီးတော့မရှိပါဘူး။ ပျော်စရာရှိရင်လည်း ပျော်လိုက်တယ်။ စိတ်ညစ်တဲ့အချိန်ဆိုရင်လည်း စိတ်ညစ်တဲ့အတိုင်းပဲ နေလိုက် တယ်။ ဒါပေမဲ့ လူမှုရေးအပိုင်းမှာတော့ အတတ်နိုင်ဆုံး ကောင်းအောင်နေပါတယ်။ အလုပ်နဲ့ လူမှုရေးပြသနာတွေကို မရောထွေးထားဘူး။ အပြင်မှာ ကလေးလို ဘယ်လောက်ပဲနေနေ အလုပ်ထဲမှာတော့ လူကြီးဆန်အောင်နေပါတယ်။
မေး- ဖွေးဖွေးသရုပ်ဆောင် လောကကို စတင်ဝင်ရောက်ခါစက အတုယူဖို့ကြည့်ခဲ့ရတဲ့ ဇာတ်ကားကဘယ်လိုကားမျိုးလဲ။
ဖြေ- အများကြီးပဲ။ အင်္ဂလိပ်ကားကိုတော့ အများဆုံးကြည့်ဖြစ်တယ်။ မြန်မာကားတွေလည်း ကြည့်တယ်။ အထူးသဖြင့် ဒွေး၊ အိန္ဒြာကျော်ဇင်၊ နတ်သမီးပုံပြင်ဇာတ်ကား၊ အဖြူရောင်သစ္စာ ဇာတ်ကား၊ အဲဒီဇာတ်ကားတွေကြည့်တယ်။ နောက် ငယ်ငယ်တုန်းက ကြည့်ဖူးတာ ကိုရာဇာနေဝင်း၊ ကိုမင်းမော်ကွန်း၊ ကိုဗျိုက်တို့ဇာတ်ကား တွေလည်း ကြည့်တယ်။
မေး- ဖွေးဖွေးပထမဆုံးစရိုက်ခဲ့တဲ့ ဇာတ်ကားအကြောင်းလည်း ပြောပါဦး။
ဖြေ- ပထမဆုံးရိုက်ဖူးတာက ဟာသကားကြီး။ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရိုက်တဲ့ `နတ်သမီးလေးများရဲ့ကိုယ်ရံတော်´ ဇာတ်ကားပါ။ ညီအစ်မ ၄ ယောက်ဇာတ်ဆိုတော့ တာဝန်က သိပ်မကြီးဘူး။ အဲဒါနဲ့စရိုက်တော့  တအားပျော်ဖို့ကောင်းတယ်။ အစ်မတွေကလည်း ခင်ဖို့ကောင်းတယ်။ မသဇင်၊ မပုလဲဝင်း၊ မမေကဗျာ တို့ကလည်း ဖွေးဖွေး ကို တွဲခေါ်တယ်။ နောက် ဒါရိုက်တာဦးမျိုးမင်းရဲ့ `အပြာရောင်မိုးသား´ ဇာတ်ကားမှာ ဦးမျိုးနဲ့ မမို့တို့က အိုက်တင်နဲ့ ပတ်သက်ပြီး ဖွေးဖွေးကိုသင်ပေးတယ်။ ဒါရိုက်တာ ဝိုင်းနဲ့ဆုံတော့ `လက်ပံ´အတွက် ဖွေးဖွေးကို ရွေးလိုက်တယ်။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကလည်း သမုဒယဆိုတဲ့ရုပ်ရှင် ဇာတ်ကားရိုက်ရင်းနဲ့ သရုပ်ဆောင် တစ်ယောက် ထားရမယ့်စိတ်ဓာတ်တွေ၊ ဇာတ်ရုပ်ဖန်တီးယူပုံတွေကို ဖွေးဖွေးကို သင်ပြတယ်။ ဒါတွေက ဖွေးဖွေးရဲ့ အနုပညာ လက်ဦးဆရာတွေပေါ့။
မေမွန်မောင်
popular myanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။