ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရပိုင်သတင်းစာ မှာ ရေးသား ထုတ်ပြန်ချက်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုစေဘူးလို့ ရှေ့နေများကွန်ရက်ရဲ့ ၀ါရင့်ရှေ့နေ တဦးက ဝေဖန်ပြောဆိုလိုက် ပါတယ်။ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစောတွမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့  ကျောက်နီမော်ကျေးရွာက အမျိုးသမီးတဦးအသတ်ခံရမှုနဲ့ စပ်လျဉ်းဖော်ပြချက်မှာ တရားရုံးက မဆုံးဖြတ်ရေသးခင် လူသတ်မှုသံသယရှိသူ ၃ ဦးကို လူသတ်သူများအြဖစ် ဖော်ပြချက်ဟာ မှားယွင်းတဲ့အကြောင်းရှေ့နေများကွန်ရက်က လုပ်သက်ရင့် ရှေ့နေကြီးတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။
တရားရုံးက စီရင်ချက်ချတာ မဟုတ်သေးဘဲ ဒီလိုရေးသားချက်ဟာ မှားယွင်းတဲ့အကြောင်းနဲ့ လူသတ်မှု သံသယရှိသူများအြဖစ်သာ ဖော်ပြရမယ်လို့ အသက် ၉၂ နှစ်အရွယ်ရှိ တရားလွှတ်ေတော်ရှေ့န ဦးသန်းတင်က ပြောပါတယ်။အဲဒီလူငယ် ၃ ဦးကို လူသတ်မှု၊ လုယက်မှုနဲ့ မုဒိမ်းမှေုတွ ကျူးလွန်တယ်လို့ သတင်းက ပုဒ်မေတွနဲ့ ရေးသားပေမယ့် မုဒိမ်းမှုနဲ့ဆိုင်တဲ့ ပုဒ်မတော့ မထည့်ထားဘူးလို့ ထောက်ပြပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်တွေမြို့ မှာ လူတေယာက် ပျောက်ဆုံးမှုနဲ့ စပ်လျဉ်းပြီး ရဲစခန်းကို လူတွေက ၀ိုင်းဝန်းတဲ့ကိစ္စမှာ ရဲစခန်းက ကျည်ဆန်တွေနဲ့ ပစ်ခွင်းခဲ့ပြီး တောင်ကုတ်မြို့ မှာ လူရာဂဏနေ်းလာက်က လူ ၁၀ ယောက်ကို သတ်ဖြတ်မှုကျုးလွန်တဲ့အပေါ် တားမြစ်ထိန်းသိမ်းခြင်းမရှိတဲ့ ရဲနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ တာဝန်ပျက်ကွက်မှုကို သူက မေးခွန်းထုတ်ပါတယ်။
အစိုးရသတင်းထုတ်ပြန်ချက်မှာပါရှိတဲ့ ရေးသားချက်တွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို တရားစွဲဆိုမယ်ဆိုရင် ကူညီဆောင်ရွက်မယ်လို့ သူက ပြောဆိုသွားပါတယ်။
“နိုင်ငေံတာ် သတင်းစာမှာ ထုတ်ပေးတဲ့ကြေညာချက်က ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုဘူး။ ဘာသာအချင်းချင်း ကွဲပြားစေတာကို မီးလောင်ရာလေပင့်တဲ့သဘော ဖြစ်နေ ပါတယ်။ တရားဥပေဒ စိုးမိုးရေးကို လိုချင်တာပါ။ အဲဒီတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ဒီဟာတွေကို အားပေးတဲ့သေဘာမျိုး ဖြစ်နေလို့၊ ကျနော့်ကို အမှုအပ်လို့ကတော့ ကျနော်ကအကြံဥာဏ်ပေးမှာပဲ၊ ပြန်ကြားရေးဝန်ကြီးကို တရားစွဲမယ်၊ အဲလိုပဲ စီစဉ်တာ။”
DVB
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Wednesday, June 6, 2012
သတင်းစာပါရေးသားချက် ၀ါရင့်ရှေ့နေကြီးတဦးဝေဖန်(ပြန်ကြားရေးဝန်ကြီးကို တရားစွဲမယ်ဆိုအကြံပေးမယ်ဟုပြော)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment