MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ချစ်သူကို မီးရှို့သတ်သူလူသတ်တရားခံ လွင်ဦးရဲ့ ဘ၀အကြောင်း (အချစ်မေတ္တာနှင့်မထိုက်တန်သောမိန်းမများကြောင့် ဘ၀နှင့်ရင်းရသူများ).

လွန်ခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆေးကျောင်းတက်နေတဲ့ ချစ်သူကို ဓါတ်ဆီလောင်း မီးရှို့တဲ့ အမှုတစ်ခု ဖြစ်ခဲ့တယ်။
တိုက်ခန်းတွင်း ရှိနေတဲ့ ချစ်သူကို ဓါတ်ဆီနဲ့ ပက်ပြီး မီးရှို့သူ တရားခံဟာ လွင်ဦးဆိုတာ သိရပြီး မီးရှို့ခံရသူ အမျိုးသမီးလေးဟာလည်း ဆေးရုံမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ ထပ်သတင်းကြားရပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်ကြောင်း ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုတာကို
ဆက်မသိရတော့ဘူး။ ကျွန်တော်လည်း ဒီလိုဘဲ မေ့မေ့ပျောက်ပျောက်လေး နေခဲ့တယ်။
 လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ထဲက ကျေးရွာလေးတွေဆီ စက်ရေတွင်းတူး လှူဒါန်းပေးဖို့ ကိစ္စနဲ့ အသွား စစ်ကွင်းဆိုတဲ့မြို့လေးကို ဖြတ်တော့မှ လွင်ဦးဆိုတာ ဘယ်သူ သေဆုံးသွားတဲ့ ကလေးမလေးက ဘယ်သူ ဆိုတာ သိလိုက်ရပြီး ဘယ်လိုဖြစ်ပျက်ခဲ့ကြတယ် ဆိုတဲ့ နောက်ခံ အကြောင်းအရာတွေကို ဒေသခံတွေက ပြောပြတာ ကြားခဲ့ရတယ်။
 ကိုလွင်ဦးရဲ့ ဖခင်က မြို့ပြအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး သူ့မိခင်က ဆရာဝန်မ တစ်ဦးဖြစ်ပါတယ်။ စစ်ကွင်းမြို့မှာတော့ ဒေါ်ဌေးဌေးစော ဆိုတဲ့ လွင်ဦးရဲ့ မိခင်ဟာ နာမည်ကောင်းနဲ့ နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်။

လွင်ဦးဟာ စစ်ကွင်းမြို့မ ကျောင်းမှာ ကျောင်းတက်ခဲ့သူ ဖြစ်ပြီး ရေကျောင်းသိပ္ပံနဲ့ ကျောင်းပြီးသွားပြီး သင်္ဘောလိုက်နေခဲ့တဲ့ ရိုးသားပြီး စာကြိုးစားတဲ့ သင်္ဘောသား အရာရှိပေါက်စလေး တစ်ယောက်ဖြစ်ကြောင်း စစ်ကွင်းမြို့ခံတွေက ပြောပြခဲ့ပါတယ်။

ကလေးမလေးကလည်း မင်းလှမြို့ပေါ်က ဖြစ်ပြီး ဖခင် ရှေ့နေ၊ မိခင် ဆေးလိပ်ခုံပိုင်ရှင် (ယခုအခါ စက်ဘီးဆိုင်) က မွေးဖွါးလာပြီး စာတော်တဲ့ သူဖြစ်ပါတယ်။

ချစ်သူချင်း ရည်ငံခဲ့ကြပြီးနောက် လွင်ဦးဟာ တစ်ပြည်ခြားကို သွားပြီး သင်္ဘောလိုက်နေခဲ့ချိန် ရသမျှလေးတွေ ချစ်သူနဲ့ အတူနေနိုင်ဖို့အတွက် ပေးပို့ စုဆောင်းနေသူ ဖြစ်တယ်လို့လည်း အသိမိတ်ဆွေတွေက ပြောပြပါတယ်။
 လေးနှစ်အကြာ ချစ်သူနဲ့ တွေ့ဖို့ အားခဲပြီး ပြန်ရောက်လာချိန်မှာတော့ သူချစ်တဲ့ ဆေးကျောင်းသူလေးက သူ့ကို အတွေ့မခံတော့ဘဲ အခြားချစ်သူ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေပြီ ဆိုတာ သိလိုက်ရတဲ့ လွင်ဦးတစ်ယောက် ဘယ်လိုမှ မခံစားနိုင်တော့ဘဲ အခုလို ဒေါသရှေ့ထားပြီး လုပ်မိလုပ်ရာ လုပ်ချလိုက်ရာကနေ နိုင်ငံကျော် အမှုတစ်ခု ရဲ့ တရားခံ ဖြစ်လာခဲ့ရတာပါ။

လွင်ဦး အနေနဲ့ အမှုပေါင်း ၆ မှုနဲ့ အမှုဖွင့်အရေးယူခံထားရပြီး အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံထားရတယ်လို့ ကြားရသလို စစ်ကွင်းမြို့က သူ အဖေ အမေအိမ် အပေါက်ဝမှာလည်း မိဘတွေက ဆေးကုသမယ့် လူနာတွေကိုတောင် လက်မခံနိုင်သည်အထိ ခံစားချက်တွေ ပြင်းလွန်းနေပြီး "ခရီးသွားနေသည်" လို့ ဆိုင်းဘုတ်ထူ ထားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။.. သေဒဏ်လောက် ကျခံရနိုင်တဲ့ လွင်ဦးဟာ တစ်ဦးတည်းသော သားတစ်ယောက်လည်း ဖြစ်ပါတယ်။မီးရှို့ခံ၇တဲ့ လွင်ဦးချစ်သူလေးကလည်း ဆုံးခါနီးမှာ လွင်ဦးကို ခွင့်လွှတ်ပေးပါ၊ သူလည်း ခွင့်လွှတ်တယ်လို့ အတန်တန်ပြောခဲ့ရှာကြောင်း သိ၇ပါတယ်။



2 comments:

  1. ဒီလိုမျိုး အကျင့်ပျက် သစ္စာမရှိတဲ့ မိန်းကလေးမျိုးအတွက် အရမ်းချစ်လွန်းတဲ့ ကောင်လေးက အချစ်ကြီးတော့အမျက်ကြီးသွား၇ပေမယ့်
    အဲဒီလိုမိန်းကလေးမျိုးအတွက် နောက်ဆုံးသေဒဏ်လောက်ပေးခံရဖို့မတန်ဘူး။
    ညီရေး မင်းအတွက် အကိုဆုမွန်ကောင်းတောင်းပေးပါတယ်။ ညီလေးလုပ်ရပ်က နာကြည့်းမှုအရလုပ်တာက မှန်ပေမယ့် အဲဒီလိုမိန်းကလေးမျိုးအတွက် စွန့် လွှတ်ပေးလိုက်သင့်တယ်။သူ့ ထက်သာတဲ့ မိန်းကလေးမျိုးတွေ ရှာသင့်ပါတယ်။ ဖြစ်ခဲ့ပြီးတာတွေဖြစ်ခဲ့ ပေမယ့် အကိုတို့ က ဘေးကနေ ညီလေးလုပ်ရပ်ကို အပြစ်မမြင်ပါဘူး။ အားလုံးအေးချမ်းပါစေလို့ ဆုတောင်းပေးလျှက်

    ReplyDelete
  2. နင်အတွက်ဝမ်းနဲမိပါတယ်..တို့ကိုတိုင်လည်းဒီလိုအခြေအနေနဲတွေရင်ဘယ်လိုရင်ဆိုင်ရမလဲတောမပြောတတ်ဘုး..ငါမှာလည်းနင်လိုချစ်တဲသုတစ်ယောက်ရှိတယ်လေ..အစပိုင်းတောနင်အဖြစ်နဲတုနေတယ်လေ..နှောက်ပိုင်းလွဲပါစေလိုပဲဆုတောင်းရတောမှာပေါပာာ..

    ReplyDelete

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။