MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

မောင်တောဖြစ်စဉ်တွင် အိမ်ခြေ ၃၈၆လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ဖျက်ဆီးခံခဲ့ရကြောင်း သိရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ပျက်စီးခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် ရေးသား ဖေါ်ပြထားချက်အရ သိရှိရပါသည်။ လက်ရှိအချိန်တွင် မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကြက် ချထားလျက် ရှိကြောင်း၊ နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကြက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက်
ရှိကြောင်းလည်း သိရှိရသည်။

"မနေ့က ဖြစ်စဉ်မှာ မောင်တော မြို့ထဲက ဗလီမှာ ဘင်္ဂါလီများ စုဝေးကြတယ်။ အဲ့ဒီအချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတွေ၊ ရုံးတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားဖို့ သက်ဆိုင်ရာက ပြောခဲ့တယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဘင်္ဂါလီအုပ်စုကို သွားရောက် ဟန့်တားခဲ့ပါတယ်။ ဒါပေမယ့် လူစုမကွဲဘဲ မွန်းလွဲပိုင်းမှာ အိမ်တွေကို စပြီး ဖျက်ဆီးတာ မီးရှို့တာ တွေလုပ်တယ်။ လူအင်အား ထောင်ကျော်ရှိတယ်။ သူတို့က လေးတန်း၊ ငါးတန်း အရွယ်ကလေးတွေကို ရှေ့တင်ထားပြီး မြှောက်ပေးပြီး လူအုပ်စုလိုက် လိုက်ဖျက်ဆီးကြတာ။ ဒီကိစ္စမှာ ဖြစ်စဉ်အမှန်တွေကို သတင်းမှန်တွေအဖြစ် အချိန်မီအားလုံး သိရှိရအောင် ဖေါ်ထုတ်ပေးကြပါ။ မောင်တောမှာရှိတဲ့ ဒေသခံရခိုင်တွေရဲ့ ဘ၀လုံခြုံမှုကို ဒီဘင်္ဂါလီတွေက လာထိပါးတာပါ။ အခု ကျွန်တော့်ကို မေးသလို စစ်တပ်က ပစ်ပြီလား ရဲတွေက ပစ်ခတ်နှိမ်နှင်းနေတာလားဆိုတာ ကို ဖြေရရင် ကျွန်တော်သိသလောက် စစ်တပ်က အခြေအနေ ဆိုးရွားလွန်းလို့ ရောက်လာတာ။ ပစ်တာခတ်တာ မရှိဘူး။ ရဲကလည်း မနေ့က လူအုပ်စုခွဲဖို့ ခြောက်လှန့် ပစ်တာက လွဲလို့ တစ်ခြားပစ်ခတ်နှိမ်နှင်းတာမျိုး လုပ်တယ်လို့ မကြားပါဘူး။ အခုတော့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။" ဟု ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက Eleven Media Group မှ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂၀ ပေးအပ်မည်ဖြစ်ပြီး မောင်တောတွင် ပျက်စီးဆုံးရှုံးမှုများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂၀ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။
နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။