MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

ယဉ်ကျေးမှုနဲ့ မအပ်စပ်ရင် ပရိသတ် မကြိုက်ဟု စိုးပြည့်သဇင်ပြော

ခေတ်ရှေ့ပြေးသည့် အဝတ်အစားများ ဝတ်ပါက မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်၍ ပရိသတ်များ မနှစ်သက်မှာ စိုးရိမ်ကြောင်း စိုးပြည့်သဇင်က ပြောသည်။  ”အရှေ့တိုင်း ယဉ်ကျေးမှုနဲ့နီးစပ်တဲ့ ဖက်ရှင် တွေကို ပိုလေ့လာဖြစ်တယ်။ ကိုရီးယားဖက်ရှင် တွေလည်း အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ နီးစပ်တယ်လေ။ အရှေ့တိုင်း ယဉ်ကျေးမှု က   မြန်မာပရိသတ်တွေနဲ့ လည်း အံကိုက်ဖြစ်နေရင် ပိုပြီး အဆင်ပြေတယ်။ တချို့ အနောက်တိုင်း ယဉ်ကျေးမှု အဝတ်အစားက မြန်မာပရိသတ် အတွက် တအားခေတ်ရှေ့ က ပြေး လွန်း သွားရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မညီလို့ မကြိုက် မှာလည်း စိုးရိမ်တယ်” ဟု ၄င်းက ဆိုသည်။ အပြင်က ပရိသတ်များ၏ ဖက်ရှင်မှာ ပိုလန်းပြီး ၄င်းတို့အနေဖြင့် ဇာတ်ရုပ်နှင့်လိုက်ပြီး ဝတ်ရကြောင်း လည်း ၄င်းက
ထပ်လောင်း ဆိုသည်။ ၄င်းအပြင်သူမအနေဖြင့် ‘ချစ်သူရွေးမယ်’ စီးရီး ဗီစီဒီအတွက် ကြိုးစားပြင်ဆင်နေကြောင်း လည်း သိရသည်။ ၄င်းအပြင် သရုပ်ဆောင်သည့် အခါမှာ စိုးရိမ် ကြောင်း၊ စိတ်ပျံ့လွင့်နေပါက  Character မပီပြင်နိုင် ကြောင်း၊ သရုပ်ဆောင်များအနေဖြင့် အားလပ် သည့် အချိန်များတွင် တရားထိုင်ဖို့ လိုအပ် လာကြောင်း လည်းသူမပြောသည်။ ”သရုပ်ဆောင်တဲ့အခါကျရင် လည်း စိတ်ကိုထိန်းချုပ်ထားရပါတယ်။ စိတ် ပျံ့လွင့် နေရင် မရဘူး။  အဲဒါကြောင့် တရားထိုင်ဖို့လည်း လိုအပ်လာတယ်။ စိတ်က တစ်ခုခုဆီကို ရောက်နေရင် အိုက်တင်က လျော့သွားပြီ။ ဥပမာ ငါဝတ်ထားတာ အဆင်မပြေဘူး ဆိုတာနဲ့ အိုက်တင်ပိုင်း လျော့သွားပြီ။ တကယ် သရုပ်ဆောင်ပြီဆိုတာနဲ့ အဲဒါတွေ အကုန်လုံး မေ့ထားရ တယ်။ ပတ်ဝန်းကျင်ကိုလည်း မေ့ထားရတယ်။ ကိုယ့်ဇာတ်ရုပ်မှာ ပါဝင်တဲ့ Character ကိုပဲ သရုပ် ဆောင်ရတယ်။ စိုးပြည့်တို့ဆိုရင် တစ်ခါတလေကျရင် စိတ်ဖိစီးမှုတွေ ရှိလာတယ်။ စိတ်နဲ့ အလုပ်လုပ် ရတဲ့အတွက် စိတ်ဖိစီးမှု များတယ်။ ဒီအလုပ်ကလည်း ကိုယ် ဝါသနာပါ တဲ့ အလုပ်ဆိုတော့ ဘယ် အလုပ် ကိုပဲ လုပ်ရလုပ်ရအဆင်ပြေတယ်”  ဟု ဆိုသည်။
တွယ်တာ       

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။