MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

ဒေါ်အောင်ဆန်းစုကြည် ဆွစ်ဇာလန်ပါလီမန် လေ့လာ



Photo courtesy of Telegraph.co.uk
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်က ဆွစ်ဇာလန်နိုင်ငံမြို့တော် ဘန်း (Bern) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောနေစဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ မြို့တော် ဘန်း (Bern) မှာ ကျင်းပနေတဲ့ ဆွစ်ပါလီမန်ကို တက်ရောက်ခဲ့ပြီး ဆွစ်ပါလီမန်အမတ်တွေရဲ့
မူဝါဒရေးရာဆွေးနွေးနေတာကို တက်ရောက် နားထောင်ခဲ့ပါတယ်။

မနေ့က ဂျီနီဗာမြို့ကနေ ဘန်းမြို့ကို ဆွစ်အစိုးရတာဝန်ရှိသူတွေနဲ့အတူ မီးရထားနဲ့ ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ စကားပြောနေစဉ် ရုတ်တရက်နေမကောင်းတာကြောင့် သူတည်းခိုနေတဲ့ ဟိုတယ်ပြန်ပြီး အနားယူခဲ့ရပါတယ်။
"နေရာတခုတည်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာကြာပြီး၊ အခု ဥရောပခရီးစဉ်အတွက် လေယာဉ်ပျံခရီးကို နာရီပေါင်းများစွာ စီးခဲ့ရတာမှာ အင်မတန်ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်တုန်းကလို အရှေ့နဲ့အနောက် အချိန်ကွာဟမှုကို ခံနိုင်ရည်မရှိဘဲ ဖြစ်သွားခဲ့ရပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်သူတွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။
မနေ့က ဂျီနီဗာမြို့မှာ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကိုတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ တာက - မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတော့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေသာ ဖြစ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ကနေ နော်ဝေနိုင်ငံ အော်စလိုမြို့ကိုရောက်ရှိပြီး အော်စလိုမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်၊ ပြင်သစ်နဲ့ အိုင်ယာလန်ခရီးစဉ်တွေလည်း ဆက်လက်သွားဖို့ ရှိနေပါသေးတယ်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။