MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

စစ်တွေမြို့တွင် ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွား

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့်
ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။