MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

ဆင်ခြေထောက်ရောဂါ အမြစ်ဖြတ်ရေးစီမံချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကူညီမှုဖြင့် ဆောင်ရွက်မည်

ဆင်ခြေထောက်ရောဂါကို ကျန်းမာရေးပြဿနာတစ်ရပ်မှ ဖယ်ရှားရန်အတွက် လူကုန် ဆေးကျွေး ခြင်းလုပ်ငန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုတို့၌ ယခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကူညီမှုဖြင့် ဆောင်ရွက်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
လူကုန်ဆေးကျွေးခြင်း လုပ်ငန်းကို ငါးနှစ်ဆက်တိုက်ဆောင်ရွက် ပြီးပါက ပြည်သူလူထုအတွင်း ဆင်ခြေထောက်ရောဂါပိုးတွေ့နှုန်း လူဦးရေ ၁ဝဝဝလျှင် တစ်ယောက် ထက် နည်းစေရန် ရည်ရွယ်ကြောင်း၊ ငါးကြိမ်နှင့်အထက်တိုက်ကျွေးပြီးသော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆင်ခြေထောက် ပိုး တွေ့ရှိနှုန်းမှာ တစ်ရာခိုင်နှုန်းအောက်လျော့နည်းနေ
ပြီဖြစ်ကြောင်းဆင်ခြေထောက်ရောဂါ ကင်းဝေးရေးစီမံချက်မှ သိရသည်။
”လူကုန် ဆေးကျွေးတယ်ဆိုတာ သန်ချဆေးပြားနှင့် DEC ဆေးပြားကို ဆေးတိုက်ရမယ့် အုပ်စုမှာမပါတဲ့ နှစ်နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အခြားရောဂါတစ်ခုခုကြောင့် အိပ်ရာထဲမှာလဲနေပြီး နေမကောင်းဖြစ်နေတဲ့ လူကလွဲရင် ကျန်တဲ့လူတွေကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း တစ်ပတ် အတွင်း ဆေး တိုက်ကျွေးတာကို ပြောတာပါ”ဟု အထက်ပါစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆေးသောက်လျှင် ဆင်ခြေထောက်ပိုး ရှိနေသူများတွင် ရောဂါပိုးကင်းစင်ပြီး ဆင်ခြေထောက် ပိုးမရှိသူများ ရောဂါကူးစက်ခံရမှုမှ ကာကွယ်နိုင်ခြင်း၊ အူလမ်းကြောင်းတွင် နေထိုင်သော အခြားသန်ကောင်များ သေဆုံးမှုကြောင့်စားသမျှ အာဟာရဖြစ်စေနိုင်ခြင်းတို့ကြောင့် ကလေးများကျန်းမာဖွံ့ဖြိုး၍ ဥာဏ်ရည် တိုးစေမည် ဖြစ်သည်။
”ဆေးတိုက်ရင် ကြုံရတဲ့ အခက်အခဲတွေကတော့ ဆေးက ညဘက်အစာစားပြီးမှ တိုက်ရတာလေ။ ကိုယ်သွားတဲ့ အချိန်ကျတော့ အစာမစားရသေးတာတို့ ရှိတယ်။ လမ်းပန်းဆက်သွယ်မှု ခက်ခဲတဲ့ နေရာတွေ ရှိတယ်။ တချို့ကျတော့ ခရီးပန်းလို့၊ ဖျားနေလို့ ဆိုပြီး မသောက်ကြတဲ့ လူတွေရှိတယ်။ ဆေးရဲ့ အာနိသင်ကို နားလည်ပြီး လူထုကလည်း ဝိုင်းဝန်းပူးပေါင်းတဲ့ အနေနှင့် ဆေးသောက်တဲ့အချိန် မှာ ဆေးသောက်ကြမယ် ဆိုရင် အောင် မြင်မှာပါ” ဟု ၄င်းက ပြောသည်။
ရှမ်းပြည်နယ်၊ ကယားပြည် နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ ကျန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်လျက်ရှိသည်။ ထိုထဲမှ ”လူကုန်ဆေးကျွေးခြင်း လုပ်ငန်း” ကိုမကွေးတိုင်းဒေသကြီး တွင် ၂ဝဝ၁ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့ပြီး စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် လည်း တိုက်ကျွေးလျက်ရှိသည်။
ယခုနှစ်အတွင်း ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ဧရာဝတီ၊မွန်၊ကရင်နှင့် ကချင်စသည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့တွင် တိုက်ကျွေးသွားမည်ဟု စီမံချက် အရ သိရသည်။
အရှေ့တောင်အာရှ ဒေသဆိုင်ရာ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံ အပါအဝင် ၉ နိုင်ငံ၌ ဆင်ခြေ ထောက်ရောဂါ အမြစ်တွယ်လျက် ရှိသည်။ ၁၉၉၇ ခုနှစ် အကြိမ် (၅ဝ) မြောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ချက် အမှတ် (၂၉) ဖြင့် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးကို ယင်းရောဂါ အမြစ်တွယ်မှုရှိသော နိုင်ငံ များ၌ ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည်။


မြတ်စုငြိမ်း   

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။