MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 1, 2012

ပညာအလင်းရောင် စာသင်ကျောင်းအတွက် အလင်းရောင်လိုအပ်

မိုးမခအထောက်တော် ၀၀၁၊ ဇွန် ၁၊ ၂၀၁၂
ရန်ကုန်မြို့၊ စက်ဆန်းရပ်ကွက်၊ ၉ လမ်း၊ ပညာအလင်းရောင် ပညာဒါနစာသင်ကျောင်းကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက ဖွင့်လှစ်ထားပါတယ်။ ၁၀တန်း ကျောင်းသား ၃၅ ဦး ရှိတယ်လို့ သိရပါတယ်။ ကျောင်းသားများအတွက် လိုအပ်ချက်တွေကို ဆရာ၊ ဆရာမတွေက ဖြည့်ဆည်းပေးကြရတယ်လို့ ဆိုပါတယ်။ မီးရထားဌာနက အခြေခံအလုပ်သမားမိသားစုတွေ နေထိုင်တဲ့ စက်ဆန်းရပ်ကွက်ဖြစ်လို့ အစစ ချို့တဲ့နေတယ်။ လိုအပ်ချက်တွေ အများကြီး ရှိတယ်လို့
သိရပါတယ်။
လက်ရှိ လိုအပ်ချက်ကတော့ – မီးစက် ၁လုံးနဲ့ စာသင်ခုံ အလုံး ၂၀ ပဲ ဖြစ်ပါတယ်။ စာဖတ်သူတွေ ဖတ်မိကြရင် စေတနာရှင်တွေက အလှူဒါန တယောက်တလက် ၀ိုင်းဝန်းကြလိမ့်မယ်လို့ သူတို့တွေ မျှော်လင့်မိတယ်လို့ ပြောပါတယ်။ ပညာဒါနကျောင်းရဲ့ လိပ်စာက ဒီမှာပါ။
အမှတ် ၁၈၊အေ၊ စက်ဆန်းမီးရထားဝင်း၊ ၉  လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုံး – ၉ ၇၃၀၅၇၀၅၅၊ တာဝန်ခံဆရာမ – ဒေါ်စန်းစန်းမြင့်၊ မိငယ်။
ကျောင်းအမည်က ပညာအလင်းရောင် အခမဲ့ပညာဒါနစာသင်ဝိုင်း
အဲသည်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ပညာဒါနစာသင်ဝိုင်းတွေ စာသင်ကျောင်းတွေကို ကျောင်းဆရာတွေ၊ ဆရာမတွေက တနိုင်တပိုင်နဲ့ ဆရာဦးရေ ၁၀ဦးကျော် အဖွဲ့ကလေးတွေနဲ့ ထူထောင်သင်ကြားနေကြဆဲဖြစ်ပါတယ်။ ဆရာ ဆရာမတွေဆိုတာက ကျောင်းဆရာ၊ ဆရာမတွေ၊ အလွတ်သင်ကျောင်းဆရာတွေအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မိသားစုတွေလည်း ပါဝင်ပါတယ်။
စေတနာရှင်တဦးဖြစ်တဲ့ အန်တီခိုင်က သူ့ရဲ့ ရင်တွင်းကစီးဆင်းလာတဲ့ ကဗျာလေးတပုဒ်ကို မျှဝေပေးလိုက်ပါတယ်။
ရေကြည်တောင် သောက်စရာမရှိတဲ့ မင်းတို့ဆီ
ရေနှောက်တာလဲ မကြောက်
လှေမှောက်မှာလဲ မကြောက်
မင်းတို့တတွေ လမ်းမပျောက်ရအောင်
လုံလောက်တဲ့ ပညာမိုး ရွာသွန်းဖြိုးမယ်ရယ်လို့ …
ဆရာတို့ရဲ့ စေတနာ …
နွေခေါင်ခေါင်ပေမယ့် ရေဘောင်ဘင် ၀ဲဂယက်ထ
ပင်လယ်ဝ မြစ်သုံးဆိုင်
မကြောက်နိုင် သဒ္ဓါကြွ
ဒါနအလှနဲ့ ဆရာတို့တတွေ
ငှက်သမ္ဗာန်နဲ့ လှေငယ်လူး
လှိုင်းမူးပြီးရင်း မူးပါစေ
ကမ်းကူးပြီး ပညာဝေ ကြီးမြတ်လှပေ။      ။
(မိုးမခကနေတဆင့် တနိုင်တပိုင်လှူကြမယ်ဆိုရင် ကြိုဆိုပါတယ်။ ပြီးတော့ အမှတ်တရအဖြစ် မိုးမခက ထုတ်ဝေတဲ့ သန်းဝင်းလှိုင်ရေး သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ စာအုပ် သို့မဟုတ် ဦးဝင်းတင်ရဲ့ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးစုစည်းချက်စာအုပ်ကို လက်ဆောင်ပြန်ပေးပါ့မယ်။ ရန်ကုန်က သင့်ရဲ့ မိသားစုတွေ မိတ်ဆွေတွေကိုလည်း တိုက်ရိုက်အကူအညီင်္တောင်းပြီး ကူညီမှုပြုနိုင်ပါတယ်။)


 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။