MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ စခန်းများကို ကြီးကြပ်ကွပ်ကဲရန် မြန်မာနိုင်ငံသားဝန်ထမ်းများ ခေါ်ယူ

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စခန်းများကို ကြီးကြပ်ကွပ်ကဲရန်အတွက် မြန်မာနိုင်ငံသား ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် တရုတ် ၊ မြန်မာ၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံများရှိ သက်ဆိုင်ရာကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံတ၀ှမ်းမှ ၀န်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း၊ Oil & Gas Station Operation Post အတွက်ဝန်ထမ်း ၅၀ ဦးနှင့် Managerial Post for Pipeline Patrol Support အတွက် ၁၀ ဦးခေါ်ယူထားကြောင်းနှင့် မြန်မာလူငယ်အင်ဂျင်နီယာများ လျှောက်ထားနိုင်ကြောင်း Career Development Consultancy Co.Ltd (CDC)မှ
ဒါရိုက်တာဦးလင်းက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံ ဒေသအသီးသီးက အင်ဂျင်နီယာတွေ လျှောက်ထားနိုင်ပါတယ်။ အလုပ်လျှောက်လွှာတွေကိုတော့ ကျွန်တော်တို့ CDC ကလက်ခံ ပေးပြီးအင်တာဗျူးနဲ့ အလုပ်ခန့် တာကိုတော့ CNPC ကုမ္ပဏီက ဆောင်ရွက်မှာဖြစ်ပါတယ်''ဟုလည်း CDC မှဒါရိုက်တာဦးလင်းက ပြော ကြားခဲ့သည်။

Oil&Gas Station Operation Post အတွက် ၀န်ထမ်း ၅၀ ဦး ခေါ်ယူလျက်ရှိရာ အလှည့်ကျလုပ်ငန်းစနစ်ဖြင့် လိုက်နာဆောင်ရွက်ခြင်း၊ တာဝန်လွှဲပြောင်းခြင်း၊ ကင်းလှည့်ကြပ်မတ်ခြင်း၊လုပ်ငန်းခွင် အန္တရာယ်များကို ကြိုတင်အကဲခတ် သိရှိပြီး အရေး ပေါ်ကိစ္စရပ်တစ်ခု ဖြစ်လာပါက အချိန်မီ ကိုင်တွယ်ဖြေရှင်းခြင်း၊ လုပ်ငန်းဖြစ်ရပ် အခြေအနေများကို အထက်သို့ အချိန်မီတင်ပြခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ပို့သည့် စက်ကိရိယာ အခြေအနေနှင့် ၎င်းထိန်းချုပ်သည့် ပိုက်လိုင်းအပိုင်း၏ အခြေအနေများကို တာဝန်ယူခြင်း၊ Station များ၏ Real Time Monitoring ကိစ္စရပ်များကို အချိန်ပြည့် ကြီးကြပ်တာဝန်ယူရမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

အလားတူ Managerial Post for Pipeline Patrol Support အတွက်မူ ၁၀ ဦး ခေါ်ယူထားပြီး Station များ၏ နေ့စဉ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကူညီပံ့ပိုးခြင်း၊ ပိုက်လိုင်းတစ်လျောက်ရှိဒေသနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ကူညီဆောင်ရွက်ခြင်း၊ ပိုက်လိုင်း maintenance  လုပ်ငန်းများ ကူညီပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ဘာသာပြန်ပေးခြင်းနှင့် ပိုက်လိုင်းထိန်းသိမ်းရေး၊ လုံခြုံရေးဆိုင်ရာ အသိပေးလုပ်ငန်းများတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သိရသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။