
အခွေငှားရမ်းဆိုင်များ၌ ကြုံတွေ့နေရသည့် အခက်အခဲများကို မြို့နယ်အသီးသီးရှိ အခွေငှားဆိုင်ရှင်များ နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ၎င်းတို့ တင်ပြဆွေးနွေးလာသည့် အချက်များ ကို ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ဖြန့်ချိငှားရမ်းရေး ဆပ်ကော်မတီသို့ တင်ပြတောင်းဆိုထား သည်ဟု သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခိုးကူးခွေများအား ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာပြီးနောက် ဗီဒီယိုခွေ ငှားဆိုင်များမှလည်း ၎င်းတို့ကြုံတွေ့ နေရသည့်အခက်အခဲများကို တင်ပြဆွေးနွေးကာ လက်ရှိရင်ဆိုင်နေရသည့် ပြဿနာများကို အဖြေရှာပြီး နောက်ဈေးကွက်
ကျဆင်းနေခြင်းကို ပြန်လည်ကောင်းမွန် လာစေရန်ဆောင်ရွက်လာခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့အနေနဲ့ ခိုးကူးတွေကို ဖမ်းဆီးရုံတင်မကဘဲ ဘာကြောင့်ခိုးကူး တွေရှိနေရတာလဲ ဆိုတဲ့နောက်ကွယ် က အကြောင်းအရာထိ အဖြေရှာနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သက်ဆိုင်ရာမြို့နယ် အခြေခံအဖွဲ့တွေက တစ်ဆင့် ငှားရမ်းဆိုင်တွေကို ခေါ်ယူတွေ့ဆုံစေပြီး သူတို့တင်ပြဆွေးနွေး လိုတာတွေ ကို တောင်းဆိုစေခဲ့တာပါ။ ဒီအချက်တွေကို ဖြန့်ချိငှားရမ်းရေး ဆပ် ကော်မတီကိုတင်ပြတောင်းဆို ပေးသွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။
တင်ပြဆွေးနွေးခဲ့သည့် အချက်များမှာ RC ဈေးနှုန်းလျှော့ချပေးရန်၊ ဗီစီဒီ၊ ဒီဗီဒီဈေးနှုန်းများ လျှော့ချပေးရန်၊ ထောက်ခံချက်မလိုဘဲ အချပ်လိုအပ်သလောက် ရောင်းချပေးရန်၊ ဇာတ်ကားဝယ်ယူမှု မှတ်တမ်းစာအုပ်ပယ် ဖျက်ပေးရန်၊ ဗီစီဒီ၊ ဒီဗီဒီ အချပ်များ အရည်အသွေး ကောင်းမွန်စွာဖြင့် ကူးယူဖြန့်ချိပေးရန်၊ ရုပ်သံလိုင်းများမှ မြန်မာဗီဒီယိုဇာတ်ကားခွေ ထွက်ပြီး မကြာခင်ပြသနေခြင်းများကို ရပ်ဆိုင်းပေးရန်၊ အရည်အသွေးပြည့်မီသော ဇာတ်ကားကောင်းများ ထုတ်လုပ်ဖြန့်ချိပေးရန်၊ ဇာတ်ကားများကို မလိုအပ်ဘဲ ပထမပိုင်း၊ ဒုတိယပိုင်းခွဲ၍ မဖြန့်ရန်၊ ဖြန့်ချိရာတွင် တစ်ကားတည်းသာ ဖြစ်သည့်အတွက် RC ကြေး တစ်မျိုးတည်းဖြစ်ရန်၊ ဇာတ်ကားအတိုင်း ဒီဗီဒီဖြန့်ချိပေးရန်၊ ပြည်ပသို့ကြိုတင် ရောင်းချသော ဇာတ်ကားပြည်တွင်း သို့ ပြန်လည် ၀င်ရောက်လာခြင်းစသည့် အချက်များ အပါအ၀င် အချက်၂၀ ပါ ၀င်သည်ဟု သိရသည်။
News-Eleven
No comments:
Post a Comment