MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် မြန်မာဇာတ်ကားသုံးကား ပြသရန်စီစဉ်

e7361

အာဒမ် ရယ်ဧ၀ရယ် ဒသရယ် ဇာတ်ကားမှ ဇာတ်ဝင်ခန်း
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် မြန်မာ ဇာတ်ကားသုံးကား ပြသရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရ သည်။‘‘စင်ကာပူနိုင်ငံမှာ မြန်မာရုပ်ရှင်ပွဲတော် ပြုလုပ်ဖို့ ကမ်းလှမ်းထားပါတယ်။
ရုပ်ရှင်အစည်းအရုံးရဲ့ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့နဲ့ ဆက်သွယ်ကမ်းလှမ်းလာတာပါ။ ကျွန်တော်တို့အနေနဲ့လည်း မြန်မာ ဇာတ်ကားတွေကို နိုင်ငံတကာ အထိကျယ်ပြန့်စေလိုတဲ့ ဆန္ဒအပြည့်အ၀ ရှိသလို စင်ကာပူလိုမြန်မာတွေ အများအပြားရှိတဲ့ နိုင်ငံမျိုးမှာ လုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက်ပိုပြီး စိတ်ဝင်စားပါတယ်။ ဘယ်နှရက်လုပ်မယ်၊ ဘယ်နှပွဲပြမယ် ဆိုတာကတော့ အခုမှ ညှိနှိုင်းဆွေးနွေးနေကြတုန်းပါပဲ။ ပြမယ့် ဇာတ်ကားတွေကိုတော့ အကြမ်းဖျင်းရွေး ချယ်ထားပါပြီ’’ ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နိုင်ငံတကာ ဆက်သွယ်ရေးအဖွဲ့မှ ဦးဝင်းကြည်က ရှင်းပြခဲ့သည်။
ထို့အပြင် ဒါရိုက်တာဝိုင်း က လည်း ‘‘အခုချိန်မှာနိုင်ငံတကာ ကို သွားဖို့ဆိုတဲ့ကိစ္စက ကဏ္ဍတိုင်း အတွက် အရေးကြီးနေပါပြီ။ ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့လည်း ဒီလိုအချိန်မျိုးမှာ မျက်စိဖွင့် နားစွင့်ပြီး ကိုယ့်ဘက်ကပြင်ဆင်နိုင်တဲ့ အတိုင်းအတာကို အစွမ်းကုန်ပြင်ဆင်ကြရမှာပါ။ အခုကျွန်တော် တို့တွေ နိုင်ငံတကာကိုသွားပြီး လေ့လာမှုတွေလုပ်မယ်၊ အားလုံးပေါင်းစည်းပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်။ Workshop တွေ လုပ်ရပါမယ်။ အခုလို ရုပ်ရှင်ပွဲတော်တွေ လုပ်ဖို့ဆိုတာလည်း လိုအပ်တဲ့ အချက်တစ်ခုပါပဲ’’ ဟု သူ၏အမြင်အား ပြောပြခဲ့သည်။
စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့် တို့ ပါဝင်သည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ဇာတ်ကား၊ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ စန္ဒီမြင့်လွင်တို့ပါဝင်သည့် ‘ကျွန်တော့်ယောက္ခမနှင့်သူ၏ ဗိုင်းရပ်စ်များ’၊ ဒါရိုက်တာခင်စောမျိုး ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ နေအောင်၊ မေသန်းနု၊ သက်မွန်မြင့်၊ လှအဉ္ဇလီတင့်တို့ပါဝင်သည့် ‘အမေ့ ကျေးဇူးဆပ်ဖူးချင်တယ်’ စသည့် ဇာတ်ကားသုံးကားအား ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းဇာတ်ကားများအနက် ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား မှာ စင်ကာပူနိုင်ငံ၌ တစ်ကြိမ်ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။