MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မိုးမိတ်မြို့နယ် အတွင်း ဓါတ်တော်ကျသည် ဟုဆို၍ သွားရောက်ဖူးမြော်သူ များနေ(အများစိတ်ဝင်စာသဖြင့်ထပ်မံတင်ပြခြင်း)

(ရန်ကုန်၊ မေ ၂၇)
မိုးမိတ် မြို့နယ်၊ ဒိုးပင်ရွာတွင် ပျံလွန်သွားသော ဆရာတော် ဦးဝိသုဒ္ဓအား မီးသဂြိုလ်ရာမှ ရွှေရောင်အဆင်း ရှိသော ဓာတ်တော်များ ကျသည် ဟုဆိုကာ လာရောက် ဖူးမြော် သူ များပြားလျက်ရှိသည်။
ဆရာတော် ဦးဝိသုဒ္ဓသည် ဘဝနတ်ထံ ပျံလွန်တော်မမူမီ ခြောက်လနီးပါးခန့် (လည်ချောင်း ကင်ဆာ) ဝေဒနာကို ခံစားခဲ့ရပြီး ထိုကာလများ အတွင်း အစာရေ ဆာ မဝင်တော့ဘဲ အမြဲတမ်း တရားရှုမှတ် နေခဲ့ကြောင်း၊ ဝေဒနာကြောင့် တစ်စုံတစ်ရာ ညည်းညူမှုလည်း မရှိခဲ့ကြောင်း ဒိုးပင်ရွာဦးကျောင်း ဆရာတော်
ဦးသူရိယက မိန့် သည်။
ဆရာတော် ဦးဝိသုဒ္ဓသည် မေလ ၂၅ ရက်တွင် ပျံလွန် တော်မူခဲ့ပြီး မေလ ၂၆ ရက် တွင် ရုပ်ကလပ်တော်အား မီး သဂြိုလ်ခဲ့သည်။ နောက်တစ် နေ့ မနက်တွင် ကျန်ရစ်သူ သား၊ သမီး၊ မြေးမြစ်များနှင့် ဒါယိကာ၊ ဒါယိကာမများက အရိုးကောက် သောအခါမှသာ ရွှေရောင်အတုံး အခဲများ၊ ပုံဆောင်ခဲတုံး များကို တွေ့ရှိရခြင်း ဖြစ်သည် ဟု အထက် ပါဆရာတော်က မိန့်သည်။
”သူက ရွာဦးစေတီက ဓမ္မာရုံမှာ သီတင်းသုံးတာ၊ အမြဲ တမ်းတော့ တရားမှတ်နေတာ ပဲ။ ငြီးတာငြူတာလည်း မတွေ့ ရဘူး။ အရိုးကောက်တော့မှ ဓာတ်တော်တွေ့တာ။ ဘုန်းကြီး ကတော့ ဒါမျိုး အတွေ့အကြုံ လည်း မရှိတော့ ဓာတ်တော်ကျ၊ မကျ၊ ပြောဖို့က ခက်ခဲတယ်” ဟု ရွာဦးကျောင်း ဆရာတော် ဦးသူရိယ က မိန့်သည်။
ထို့ကြောင့် ဒိုးပင်ရွာနှင့် ချောင်း သာခြားသော တောင်းကိုင်းရွာမှ ထေရ်ကြီး ဝါကြီး ဆရာတော် ဦးနန္ဒ မာလာအား ပင့်ဖိတ်၍ စစ်ဆေး ကြည့်ရှုစေရာ ဆရာတော် ဦးနန္ဒ မာလာ က ဓာတ်တော်ကျ ခြင်းမှာ မှန်ကန်ကြောင်း အတည် ပြုပေးခဲ့သည်ဟု နယ်ခံ အချို့က ဆိုကြသည်။
ဒိုးပင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးကျော်ဟိန်းကလည်း ဓာတ်တော်ကျသည်မှာ မှန်ကန် သည်ဟု ပြောသည်။
ဆရာတော် ဦးဝိသုဒ္ဓမှာ ရဟန်းဘောင် မဝင်မီက တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ လူအမည်မှာ ဦးဝင်းမြင့် ဖြစ်သည်။ ယခု ပျံလွန်တော်မူ ချိန်တွင် သက်တော် ၈၁ နှစ်၊ ဝါတော် ၁၈ ဝါရှိပြီး ထို ၁၈ ဝါ စလုံး ဒိုးပင်ရွာ ရွာဦး စေတီအနီး ဓမ္မာရုံတွင်သာ သီ တင်း သုံးခဲ့သည်ဟု ဒေသခံ များထံမှ သိရသည်။
သဒ္ဓါတရား မပြောင်းလဲသော ခိုင်မာသော ပုဂ္ဂိုလ်များ၏ နောက်ဆုံး ရုပ်ခန္ဓာ အကြွင်း အကျန်များသည် ဓာတ်တော် ပင် မဟုတ်သော်ငြား ရွှေရောင်၊ အဝါရောင်များ တောက်ပနေ တတ်သည်ဟု ကျမ်းဂန်များက ဆိုသည်။

pouplarmyanmar

1 comment:

  1. ဦးဇင်းအလည်လာသွားပါတယ်။ လင့်လေးလည်းယူသွားကျန်းမာချမ်းသာစွာဖြင့် ဘာသာရေးစာပေးများကိုဒီထက်မကမျှဝေနိုင်ပါစေ။

    ReplyDelete

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။