MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန် ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်း သိရှိရ



593
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင်
မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန်ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်းနှင့် အလားတူပင် တရုတ်ဘက်မှ ကုန်သွယ်မှုနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ အပြောင်းအလဲများ မကြာခဏ ပြုလုပ်နေမှုကြောင့် မြန်မာကုန်သည်များဘက်မှ နစ်နာမှု အများအပြားကို အခါ အားလျော်စွာ ကြုံတွေ့နေရကြောင်းလည်း သိရှိရသည်။
“တရုတ်နဲ့မြန်မာနဲ့ ကုန်သွယ်တဲ့အခါ မမျှတတာတွေရှိတယ်။ ဥပမာ-မြန်မာနိုင်ငံကတင်တဲ့ ဆန် တို့၊ ပြောင်းတို့ကို အခွန်နင်းကန်ေ
ကာက်တဲ့အခါ တရုတ်လုပ်ငန်းရှင်က မ၀ယ်နိုင်တဲ့အတွက် မှောင်ခို လမ်းကြောင်းက သွားရတာရှိတယ်။ မြန်မာဘက်က တရားဝင်ပို့ ခွင့်ပေးထားပေမယ့် တရုတ်ဘက်က တရား ၀င်ခွင့်ပြုမပေးဘူး။ ဒါကြောင့် မြန်မာလုပ်ငန်းရှင်တွေ ဈေးနှိမ်ခံရတယ်။ နောက်တစ်ခုက ကြံတို့၊ ကြံသကာ တို့ဆို ပိုဆိုးတယ်။ ကြံကို အပင်လိုက်သွင်းရင် လက်ခံတယ်။ သကြားတို့ ကြံသကာတို့ဖြစ်ပြီးမှ သူ့ နိုင်ငံထဲဝင်လာလို့ရှိရင် ဖမ်းတော့တာပဲ။ ဥပမာ ဆန်နဲ့ပြောင်းဆိုရင် ဖမ်းတာချင်းအတူတူ Custom က တွေ့မှဖမ်းတယ်။ ဒါပေမယ့် ကြံသကာလို့ သကြားလိုဟာမျိုး ဆိုရင်တော့ ဟိုဘက်မှာရှိတဲ့ ယူနီဖောင်းဝတ်ထားတဲ့ ဘယ်အဖွဲ့အစည်းမျိုးကမဆို ဖမ်းတော့တာပဲ။ တကယ်တော့ ဒီကိစ္စတွေ ကိုဖြေရှင်းဖို့ဆိုရင် အစိုးရက ကြားဝင်ပြီး တောင်းပေးမှရမှာပါ။ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာဘက်ကအခါ အားလျော်စွာ တောင်းဆိုတဲ့ အခွင့်အရေးတွေ ရှိပေမယ့် ဒါဟာ ဗဟိုအစိုးရနဲ့ပဲ ဆိုင်တယ်ဆိုပြီးတော့ ငြင်းပယ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်တော့ တောင်းရမှာပဲ။ တောင်းလို့မရရင် သူတို့ဘက်က၀င်လာတဲ့ ပစ္စည်းတွေကိုလည်း အခွန်စည်းကြပ်သင့်ရင် စည်းကြပ်ရမှာပဲ။ ခဏပိတ်ပစ်သင့်ရင် ပိတ်ပစ်ရမှာပဲ။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် သူတို့ ဈေးကွက်ဖြစ်နေတယ်”ဟု မူဆယ်မြို့ခံ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများတွင် နှမ်း၊ ငါး၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ ကဏန်း၊ ကျောက်စိမ်း၊ ပုစွန်၊ ပဲတီစိမ်း၊ ဆန်၊ ပြောင်း၊ ရော်ဘာစိမ်းတို့ဖြစ်ကြောင်း သိရှိရသည်။
မြန်မာဘက်မှ ၀င်လာသော ပဲ၊ ပြောင်း၊ ဆန်စသည့် လယ်ယာထွက် ကုန်ပစ္စည်းများအပေါ်၌ ၆၀ ရာ ခိုင်နှုန်းအခွန် ကောက်ခံမှုကြောင့် မြန်မာနိုင်ငံဘက်မှ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ရှိသော ပစ္စည်းများမှာ တရုတ်ဘက်မှ တရားမ၀င် နည်းလမ်းဖြင့် တင်သွင်းနေရကြောင်း၊ မြန်မာလုပ်ငန်းရှင်များဘက်တွင် ဈေးနှိမ်ခံရခြင်းများလည်း ရှိကြောင်း သိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။