MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 9, 2012

အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းပြီး အတွင်းလူနာများ လက်ခံကုသသွားမည်



5107
အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ ဆေးရုံအား ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးသော အရိုးအကြောအဆစ် ဆေးပညာဌာနကို အသစ်ဖွင့်လှစ်မည့် ကုတင် ၅၀၀ ဆံ့ဆေးရုံတွင် ထည့်သွင်းပြီး အရိုး အကြောအဆစ် ဝေဒနာရှင်များအား အတွင်းလူနာများအဖြစ် လက်ခံကုသ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ စွမ်းအင်ဝန်ကြီးဌာန (ရန်ကုန်ရုံး) အဆောက်အအုံကို ၂၀၁၁ ခုနှစ် အတွင်းက ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးထားပြီး
ကုတင် ၅၀၀ ဆံ့ ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
“အခု အသစ်ဖွင့်မယ့် ကုတင် ၅၀၀ ဆံ့ဆေးရုံမှာ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ အရိုးအကြောအဆစ် ဆေးပညာဌာနကို ထည့်သွင်းဖွင့်လှစ်သွားမယ်။ အရင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာရှိတာက အရိုးအကြော အဆစ် ဆေးပညာယူနစ်ပဲ ရှိတယ်။ အခုဖွင့်မယ့်ဌာနက  အရင်အရိုး အကြောအဆစ်ဆေးပညာယူနစ်နဲ့ အထွေထွေ ကုသဆောင်နဲ့ ပေါင်းပြီးဖွင့်မှာပါ။ အခုလာမယ့် ဆေးရုံမှာအရိုး အကြောအဆစ် လူနာတွေကိုပဲ သီးသန့်ထားမှာ ဖြစ်တယ်။ အရိုးအကြော အဆစ်ဆေးပညာဌာန တစ်ခုအနေနဲ့ အသစ်ဖွင့်ပြီးတော့ လူနာတွေကို အတွင်းလူနာအဖြစ် လက်ခံကုသပေး သွားမှာဖြစ်ပြီး နောက်ပိုင်း ပြင်ပလူနာအဖြစ်လည်း ကြည့်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရိုးအကြော အဆစ် ဆေးပညာယူနစ်မှ တာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့ပါသည်။
ယင်းဆေးရုံတွင် အရိုးအကြော အဆစ်ဆေးပညာဌာန အပါအ၀င်ဆီး နှင့် ကျောက်ကပ်၊ အစာအိမ်၊ အသည်းနှင့် ရင်ခေါင်းဆိုင်ရာ ခွဲစိတ်ရေးနှင့် ကုသရေး အထူးကုဌာနများ၊ ကင်ဆာ ဆေးကုသဌာနများ စသည်တို့ပါဝင်မည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆေးရုံ စတင်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အရိုးအကြော အဆစ် ဆေးပညာဌာနဖွင့်လှစ်ခြင်းနှင့် အတူ မြန်မာနိုင်ငံတွင် အရိုးအကြောအဆစ် နှင့် ဆက်စပ်သည့် သမားတော်များ ပေါ်ပေါက်လာနိုင်ရန် ရည်ရွယ်၍ ဘွဲ့လွန်သင်တန်းများ ပို့ချပေးလျက်ရှိ ပြီးပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်သွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။