MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည်ဆိုသော သတင်းများ မကြားသိရသေး



ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံ ရိုက်နှက်မှု ဖြစ်စဉ်များကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်လူမျိုးများ နေထိုင်သည့် ရပ်ကွက်များသို့ ၀င်ရောက်ဖျက်ဆီးရန် ကြိုးစားမှုများ ရှိနေကြောင်း၊ ထိုကဲ့သို့ ကြိုးစားမှုများကို ဒေသခံ ရခိုင်လူမျိုးများက ကာကွယ်နေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ မြို့ကို တာဝန်ယူထားသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အရေအတွက်မှာ ရခိုင်လူမျိုးများ၏ အသိုက်အ၀န်းကို ဖျက်ဆီးရန် ကြိုးစားနေသော ဘင်္ဂါ လီရိုဟင်ဂျာများအား ထိန်းနိုင်ရန်အတွက် လုံလောက်သည့် အရေအတွက် မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများကိုသာ ပြုလုပ်နေမှုကို စစ်တွေမြို့ခံများက အားမလို အားမရ ဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး ဒေသခံရခိုင်လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ထိထိရောက်ရောက် နှိမ်နင်းစေလိုကြောင်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ခြောက်လှန့် ပစ်ခတ်မှုများကိုသာ အဓိကပြုလုပ်နေမှုကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာများအနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ ဒေသခံရခိုင်လူမျိုးများ၏ နေအိမ်များ၊ ရွာများကို မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့ ဖြစ်စဉ်တွင်မူ ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၁ ဦး ရှိခဲ့သည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။