MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

လှည်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်ရပ်ကို အခြေခံပြီး ပညာပေး ဇာတ်ကားအဖြစ် ပြန်ရိုက်ကူးမယ့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

လှည်းတန်းမှာ ဖြစ်ပွားခဲ့တဲ့ ချစ်သူ ချင်းစကားများရာမှ လူသတ်မှုအထိ ကျူးလွန်ခဲ့တဲ့ မှုခင်း ဖြစ်ရပ်ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က လူငယ်ပညာပေး အနေ နဲ့ ဖြစ်ရပ်ကို အခြေခံပြီး ဇာတ်လမ်းအဖြစ် ပုံဖော် ရိုက်ကူးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းလေးက အားလုံးအတွက် အံ့သြ ထူးဆန်းဖွယ်ကောင်းပြီး တကယ်လည်း မဖြစ်သင့် မဖြစ်ထိုက်တာကို နောင်ဆင်ခြင် လို့ရမယ့် ပညာပေးဇာတ်လမ်း အဖြစ် ရောက်ရှိ သွားမှာဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောပါတယ်။
”ချစ်သူချင်း ရန်ဖြစ်တာနဲ့ပဲ ဒီလောက် အထိဖြစ်သွားတယ်။ တကယ်တော့ ပြန်စဉ်းစားကြည့်ရင် ဒေါသအလျောက်ပေါ့။ တစ်ချိန်ချိန်မှာတော့ အဲဒီလူက နောင်တရနေ
လိမ့်မယ် ထင်တယ်။ ဒေါသဖြစ်တုန်း ခဏမှာမထိန်းချုပ် နိုင်လိုက်တဲ့ အနာတစ်ခုက ဒီ ကောင်မလေးရဲ့ ဘဝတစ်ခုလုံး၊ နောက် သူကိုယ်တိုင်ရဲ့ ဘဝ တစ်ခုလုံး အနာ ဂတ်တွေ အများကြီး ထိခိုက်သွား တယ်။ ဘေးက မဆိုင်တဲ့လူ တွေရဲ့ အနာဂတ်တွေပါ ပါကုန်တယ်။ ဒါတွေကို ပတ်ဝန်းကျင်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ် သလို၊ ဥပဒေကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ မင်းမဲ့ တိုင်းပြည်လို ဖြစ်နေလို့ မရဘူးလေ။ အဲဒီလိုဖြစ်နေရင် တရားဥပဒေ စိုးမိုးရေး ရှိတယ်လေ။ ဥပဒေရဲ့အထက် ဘာမှမရှိဘူး” လို့ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဆုံးရှုံး ထိခိုက်မှု တွေနဲ့ ပတ်သက်ပြီး လူငယ်တွေ အတုယူ နိုင်ဖို့ အတွက် ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြောပါတယ်။ မကြာခင်ကလည်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြင်ဦးလွင်မှာ ‘မိုင်တိုင်၂၆ ဆိုင်ကယ်ပေါ် မှာလိုက် လာတယ်’ ဆိုပြီး ဖြစ်ရပ်မှန် ဇာတ်လမ်း ရိုက်ကူးခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုလက်ရှိ မှာလည်း ဆင်ဆာ လွတ်လပ်ခွင့်တွေလည်း ရသင့်သလောက် ရနေပြီ ဆိုတဲ့ အသံတွေကို ကြားနေရတဲ့အတွက် အရင်တုန်းက ဆင်ဆာဘောင်ထဲကနေ ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတွေကို အခုအချိန်မှာ ပြန်ကြည့်ရင် ကျေနပ်အားရမှု ရှိရဲ့လား ဆိုတဲ့ အမေးကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်း ဖြစ်) က”ဖြစ်ရပ်မှန် ဇာတ်ကားတွေ ရိုက်ပြတဲ့အခါ အားရရဲ့လား ဆိုတဲ့ အမေးကဖြေဖို့ အတွက် စောလွန်းပါသေး တယ်။ အခုလည်း တကယ့် ဖြစ်ရပ်မှန်ကို ဘယ်လောက်အထိ ခွင့်ပြုမယ် ဆိုတဲ့ အပေါ်မူတည်နေပါသေးတယ်။ အရင် ဆင်ဆာမရခဲ့တဲ့ ဇာတ်ကားတွေ ကိုပဲ ဘယ်လောက် အထိ ခွင့်ပြုသလဲ ဆိုတာပြန်ပြီး စမ်းသပ်ရဦးမှာပါ။ အရင်က ဆင်ဆာထိထား တဲ့ ‘သူငယ်ချင်းတစ္ဆေ’ ဆိုတဲ့ဇာတ်ကားတစ် ကားတော့ ထွက်လို့ရပြီ။ နည်းနည်းပါးပါး တော့ဖြတ်လိုက်ရတယ်။ ဒါပေမဲ့ သိပ်ပြီး ထိထိ ခိုက်ခိုက် အခြေအနေမရှိသေးဘူး။ နောက် ကားတွေတော့ ကြည့်ရဦးမယ်။ ၈ကား၊၉ကား လောက်ကျန်သေးတယ်။ ပြဇာတ်တွေလည်း ပါတယ်” လို့ဆိုလာပါတယ်။
လင်းအက္ခရာ

Popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။