MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 4, 2012

ပန်းထိမ်လုပ်ငန်းများ အပ်ထည်နည်းပါးလာမှုကြောင့် ရပ်တည်ရန်ခက်ခဲလာ


 

မြန်မာ့ရိုးရာ(ရွှေ၊ ငွေ)ပန်းထိမ်လုပ်ငန်းများသည် ရွှေဆိုင်များမှ အပ်ထည်များ ဝင်ရောက်မှုနည်းပါးလာသော ကြောင့် ရပ်တည် ရန်ခက်ခဲလာကြောင်း သိရသည်။
 
 “တစ်ခါတစ်လေ လူငယ်တွေက ကိုယ့်စိတ်ကြိုက် ဒီဇိုင်းပုံမျိုးတွေ လာအပ်ကြတယ်။ ရွှေဆိုင်က မအပ်ကြတော့ ရတဲ့ပိုက်ဆံ ထက် ဆိုင်ခန်းခ၊ အလုပ်သမားခ၊ လိုအပ်တဲ့ပစ္စည်းဝယ်တာတို့နဲ့ လတိုင်း အိတ်စိုက်နေရတယ်” ဟု အင်းစိန်ဈေးမှ (ရွှေ၊ ငွေ) ပန်းထိမ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးက ပြောသည်။
 

ဦးမြင့်စိုးက ရွှေအရောင်းဆိုင်ကြီးများသည် မိမိဆိုင်အတွက် ပန်းထိမ်သမားများသီးသန့် ငှားထားပြီး ပန်းထိမ် လုပ်ငန်းများ တွင် လက်ဝတ်ရတနာဒီဇိုင်းများ အပ်နှံခြင်းမျိုး မရှိကြတော့သည့်အတွက် ပြင်ပ ပန်းထိမ်လုပ်ငန်း များ ဝင်ငွေထိခိုက်လျက်ရှိနေကြသည်ဟု ၎င်းက ပြောသည်။
 
ယခင်က လက်ဝတ်ရတနာ ဝတ်ဆင်သူများသည် မိမိစိတ်ကြိုက် ဒီဇိုင်းမျိုးစုံကို ပန်းထိမ်ဆရာများထံတွင် အပ်နှံပြုလုပ်၍ ဝတ်ဆင်ကြ သည်ဟု သိရသည်။ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ပြည်ပမှ နည်းပညာ အသုံးပြု၍ ပြုလုပ်ထားသည့် ခေတ်မီ လက်ဝတ်ရတနာ ဒီဇိုင်းဆန်းများ ရွှေဆိုင်ကြီးများတွင် ရောင်းချလာကြသည့် နောက်ပိုင်း လက်ဝတ်ရတနာ ပြုလုပ်ဝတ်ဆင်သူများသည် ရွှေဆိုင်ကြီးများမှ ရတနာများကိုသာ ဝယ်ယူ ဝတ်ဆင်ကြတော့ သည်ဟု သိရသည်။
 
ထို့ကြောင့် ပန်းထိမ်လုပ်ငန်းများတွင် အပ်နှံခြင်း နည်းလာပြီး လုပ်ငန်းဝင်ငွေထိခိုက်မှုကြောင့် ရပ်တည်ရန် ခက်ခဲလာသည်ဟု ပန်းထိမ်လုပ်ငန်းရှင်များက ပြောသည်။
 
“ရွှေဆိုင်အများစုက ကိုယ့်ပန်းထိမ်ကိုယ့်အလုပ်သမားနဲ့ ကိုယ်ထားလာကြတယ်။ ပန်းထိမ် လုပ်ငန်းတွေကို ပြန်မအပ်ကြတော့ဘူး။ ပန်းထိမ်ကို အပ်ရင်ပေးရမယ့် ပိုက်ဆံပိုထွက်လာတယ်လေ။ ပန်းထိမ်လုပ်ငန်းတွေတင် မကပါဘူး ရွှေဆိုင်တွေမှာလည်း   ရွှေဈေး ကျနေတော့ အရောင်းအဝယ်သာ ဖြစ်နေတာ တွက်ခြေတော့ မကိုက်ဘူး”ဟု “ရတနာ” ရွှေ၊ ငွေ လက်ဝတ်ရတနာ   ရောင်းဝယ်ရေး လုပ်ငန်းမှ မမြင့်မြင့်စန်းက ပြောသည်။
 
သို့သော် မြန်မာရိုးရာ (ရွှေ၊ ငွေ) ပန်းထိမ်လုပ်ငန်း လုပ်ကိုင်ကြသူများသည် လက်ရှိဖြစ်ပေါ်နေသော ရွှေဈေးနှုန်း ကျဆင်းမှု အပေါ်ထိ ခိုက်မှုအနည်းငယ်သာ ရှိကြောင်း သိရသည်။ သို့သော် အပ်ထည် (ရွှေ၊ ငွေ) နည်းပါးလာ ခြင်းနှင့် အလုပ် သမားခ၊ ဆိုင်ခန်းခ၊ လိုအပ် သည့် ပစ္စည်းကိရိယာ၊ ဓာတုပစ္စည်းများ စသည့် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှု တို့ကြောင့် ရှေရည်တွင် ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာကြောင်း ရန်ကုန်မြို့တွင်းရှိ ပန်းထိမ်လုပ်ငန်းများ ထံမှ သိရသည်။
 
“အလုပ်သမားခက အနည်းဆုံး နှစ်ထောင့်ငါးရာကနေပြီးတော့ အလုပ်နေရာအလိုက် ငါးထောင်လောက်အထိ ပေးရတယ်။ လုပ်ငန်းကောင်းနေရင်တော့ ပေးနိုင်တယ်။ ဒါပေမယ့် ပန်းထိမ် လုပ်ငန်းတွေက အခု တော်တော် ကို ရပ်တည်ဖို့ ရုန်းကန်နေကြ တာဆိုတော့ ဘယ်လိုမှမလွယ်ဘူး”ဟု မြောက်ဥက္ကလာပ မြို့နယ်မှ (ရွှေ၊ ငွေ) ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူနှင့် ပန်းထိမ်သမားတစ်ဦးဖြစ်သူ ဦးထွန်းကျော်က ပြောသည်။
 
ရွေပန်းတိမ်လုပ်ငန်းအများမှာ အပ်ထည်များကို ရွှေထည်များအတွင်းမှ ဖြတ်ယူလေ့ရှိပြီး၊ လက်စွပ်တစ်ကွင်း ပြုပြင်လျှင် လက်ခအား   ရွှေထည် တစ်ရွေးဖြစ်စေ၊ နှစ်ရွေးဖြစ်စေ ယူလေ့ရှိကြောင်း  ကမာရွတ်မြို့နယ်ရှိ ရွေထည်ပစ္စည်းပြုလုပ်သူများထံက သိရှိရသည်။


ရန်နိုင် (မြစ်မခ)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။