MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 7, 2012

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်



မိုးမခ၏ ပင်တိုင်၊ သုတေသန စာရေးဆရာသန်းဝင်းလှိုင် စုစည်းရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်ကို လာမည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ မွေးနေ့အမီ မိုးမခက ထုတ်ဝေမည်ဖြစ်သည်။

ဆရာသန်းဝင်းလှိုင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်တွင်း နိုင်ငံရေးဖြတ်သန်းမှုများနှင့် အထင်ကရ မိန့်ခွန်းများကို စုစည်း စီစဉ်ထားရာတွင် သမိုင်းမှတ်တမ်း ရက်စွဲကို ၂၀၁၂ ဖေဖော်ဝါရီလအထိ စုဆောင်းပြုစု ထားသည်ကို တွေ့ရသည်။

မြန်မာပြည်တွင်းနှင့် ပြည်ပတွင် နှစ်စဉ်မပျက် ဂုဏ်ပြုကျင်းပကြမည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနားများနည်းတူ မိုးမခ မီဒီယာကလည်း မြန်မာပြည်၏ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအမှတ်တရအဖြစ် ဆရာသန်းဝင်းလှိုင်၏ စာအုပ် ထုတ်ဝေဖြန့်ချိမည် ဖြစ်သည်။

သို့ရာတွင် ပုံနှိပ်စာအုပ်အစား လွယ်ကူသက်သာသည့် ကွန်ပျူတာပရင်တာဖြင့် ကူးယူသည့် ကော်ပီစာအုပ်အဖြစ် အမှာစာရှိသလောက် ရိုက်ထုတ်ပြီး စာတိုက်မှတဆင့် မီဒီယာမေး (အမေရိကန်ပြည်တွင်း ၆ ရက်)ဖြင့် စာဖတ်သူတို့ထံ ပေးပို့ရန် စီစဉ်ထားသည်။

စာမျက်နှာ ၂၂၁ မျက်နှာနှင့် အခန်းပေါင်း ၁၅ ခန်း ပါဝင်မည် ဖြစ်သည်။

ကော်ပီပရင်တာစာအုပ် တအုပ်လျှင် အမေရိကန်ပြည်ထောင်စုအတွင်း စာပို့ခအပါအ၀င် တန်ဖိုး ၁၀ ဒေါ်လာ ကျသင့်မည် ဖြစ်သည်။ ကုန်ကျငွေမှာ ပုံနှိပ်ခ၊ စာရွက်ခနှင့် စာပို့ခအတွက် အဓိကဖြစ်ပြီး စာဖတ်သူတို့လက်ထဲ စာအုပ်တအုပ် ရောက်ရှိစေရေးအတွက်ကို စာရေးဆရာ သန်းဝင်းလှိုင်နှင့် မိုးမခ မီဒီယာ တို့က အဓိကရည်ရွယ်ပြီး ဖြန့်ချိလိုရင်း ဖြစ်သည်ဟု ဆိုသည်။

ကြိုတင်မှာကြားသူ များပြားပါက လျှောက်လွှာစာမျက်နှာဖြင့် ၂ဖက်ရိုက်မည့် ကော်ပီပရင်တာစာအုပ်အစား ပုံနှိပ်စာအုပ်အဖြစ် ပြောင်းလဲ ထုတ်ဝေပေးပို့မည်ဖြစ်သည်။


မိုးမခမှ ကူးယူဖော်ပြသည်။ ttp://moemaka.com/2012/06/than-win-hlaing

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။