MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

ရခိုင်ပြည်နယ် အခြေအနေ ပြန်လည်တည်ငြိမ်

2012-06-09
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေ
 ပြန်လည်တည်ငြိမ်သွားပြီလို့ နိုင်ငံတော် သမ္မတရုံး ရဲ့  အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
AFP
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု ဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်ကို ကာကွယ်ပါ ဆိုသည့် စာတန်းအပါအ၀င် စာတန်းများ ကိုင်ဆောင်ထားသူ လူအများအပြား ရွှေတိဂုံဘုရားပေါ်တွင် ဇွန်လ ၉ ရက်နေ့က စုရုံး
ဆန္ဒဖော်ထုတ်နေစဉ်။
မောင်တောမြို့က ဒေသခံပြည်သူတွေအတွက် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း နဲ့ ဗဟိုကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်ပေးနေကြောင်း၊ ဆေးဝန်ထမ်းတွေ ရောက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဒုတိယ ၀န်ကြီး ဦးဖုန်းဆွေတို့လည်း မောင်တောမြို့ကို ရောက်ရှိကွပ်ကဲနေတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ မောင်တောမြို့တ၀ိုက်က ကျေးရွာ (၂၀) လောက် မီးရှို့ခံခဲ့ရရာမှာ ရွာ (၁၇) ရွာ ပျက်စီးခဲ့ တယ် လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ သောကြာနေ့က စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း အနည်းဆုံး လူ (၇)ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင် မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ မနေ့က ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။