MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

လျှပ်စစ်မီးမရရှိသဖြင့် ရေထွက်ပစ္စည်း စက်ရုံအချို့ ကုန်ကြမ်းအ၀ယ်ရပ်ထားပြီး လည်ပတ်မှု ရပ်ဆိုင်းရန် စဉ်းစားနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့်အအေးခန်းစက်ရုံတစ်ခုကို တွေ့ရစဉ် 
လျှပ်စစ်မီးမရရှိသဖြင့် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံအချို့ ကုန်ကြမ်းအ၀ယ်ရပ်ထားပြီး စက်ရုံလည်ပတ်မှု ရပ်ဆိုင်းရန်အထိပါ စဉ်းစားလာကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦး ထွန်းအေးက ပြောကြားခဲ့သည်။''ရန်ကုန်မှာရှိတဲ့ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်တဲ့ အအေးခန်းစက်ရုံတွေ
ကုန်ကြမ်းအ၀ယ်ရပ်ထား ကြပါတယ်။ လျှပ်စစ်မီးလုံးဝမရတဲ့အတွက် ကိုယ်ပိုင်မီးစက် အသုံးပြုနေရတာဖြစ်တဲ့အတွက် ကုန်ကျစရိတ် အများကြီး တက်လာလို့ဖြစ်ပါတယ်။ တချို့စက်ရုံတွေဆို စက်ရုံ လည်ပတ်မှု ရပ်နားဖို့အထိပါ စဉ်းစားနေတယ်။ ဒီအတိုင်းသာ လျှပ်စစ်မီးမရတာ ကာလရှည်သွားမယ်ဆိုရင် အအေးခန်းထဲမှာ သိုလှောင်ထားတဲ့ ရေထွက်ပစ္စည်းတွေ ပျက်စီးတာမျိုး၊ အရည်အသွေး လျော့ကျတာမျိုးတွေ ဖြစ်လာနိုင်ပြီး ဆုံးရှုံးမှုပမာဏ ကြီးသွားနိုင်ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရေထွက်ပစ္စည်းအအေးခန်း စက်ရုံ ၇၀ ကျော်ရှိနေပြီး ယင်းတို့ထဲမှာ ၂၃ ရုံခန့်သာ လည်ပတ်မှုရှိကြောင်း လက်ရှိအချိန်တွင် အဆိုပါစက်ရုံ ၂၃ ရုံခန့်၏ အအေးခန်းများထဲတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိသည့် ရေထွက်ကုန်များရှိနေကြောင်း သိရသည်။

ရေထွက်ကုန်လုပ်ငန်းမှာ အခြားလုပ်ငန်းများနှင့် သဘောသဘာဝမတူဘဲ ပုပ်သိုးကုန်ဖြစ်သည့်အတွက် လျပ်စစ်မီးကို ၂၄ နာရီ လိုအပ်ကြောင်း ယခုကဲ့သို့ လျှပ်စစ်မီး လုံးဝမရရှိမှုကြောင့် စက်ရုံများမှာ  ကိုယ်ပိုင်မီးစက်များဖြင့် လည်ပတ်နေရသော်လည်း ကြာရှည်တွင် တောင့်ခံနိုင်မည်မဟုတ်သဖြင့် သက်ဆိုင်ရာက အများပြည်သူများ မီးအသုံးမပြုသည့်အချိန်များတွင် အချိန်ပိုင်းအနေဖြင့် ရေထွက်ပစ္စည်း စက်ရုံများသို့ လျှပ်စစ်မီးပေးနိုင်ရန်အတွက်လည်း တင်ပြထားကြောင်း သိရှိရသည်။

ယခင်နှစ်များအတွင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အလှည့်ကျ လျပ်စစ်မီးပေးသည့်စနစ် ကျင့်သုံးစဉ်အခါကလည်း ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံများသို့ ဦးစားပေးအစီအစဉ်ဖြင့် လျှပ်စစ်မီးပေးမှု ရှိခဲ့ပြီး လုပ်ငန်းရှင်များဘက်ကလည်း ထိုသို့ လျှပ်စစ်မီးရရှိရန်အတွက် ကိုယ်ပိုင် ထရန်စဖော်မာများ၊ ကိုယ်ပိုင် ဓာတ်အားခွဲရုံ၊ ကိုယ်ပိုင်မီးလိုင်းများ သွယ်တန်းခဲ့ရကြောင်း သိရသည်။ လျှပ်စစ်မီးမရခြင်းကြောင့် ရေလုပ်ငန်းသုံး ရေခဲများမှာလည်း ဈေးနှုန်းမြင့်တက်နေပြီး ရရှိလာသည့် ရေခဲများမှာလည်း ယခင်ကကဲ့သို့ စံချိန်စံညွှန်းပြည့်မီမှု မရှိသဖြင့် ရေခဲကို ပိုမိုအသုံးပြုနေရပြီး ရေခဲကို အဓိကအသုံးပြုနေရသည့် ငါးဖမ်းစက်လှေများ၊ ငါးမွေးမြူရေး လုပ်ငန်းရှင်များမှာ ထုတ်လုပ်မှုကုန်ကျ စရိတ်များမြင့်တက်လာနေကြောင်း သိရသည်။  


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။