MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 11, 2012

ဗိုလ်ချုပ်ကိုချစ်စိတ်နဲ့ ဝေဖန် ထောက်ပြမှုတွေကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်ပြောကြား

ဗိုလ်ချုပ်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး အဖွဲ့နဲ့၊ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့
(ပြန်ကြားရေး)တာဝန်ယူထားသူ ဒါရိုက်တာ ကြည်ဖြူသျှင်ရဲ့ အဖြေစကားတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ အဲဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်ကပ်ါပြူလာကို အခုလို  ဖြေရှင်းလာတာကတော့…
”ပထမဆုံးတစ်ကြိမ်မှာ ကျွန်မရဲ့နာမည်နဲ့ ဒါရိုက်တာကြည်ဖြူသျှင်သို့ အိတ်ဖွင့်ပေးစာဆိုပြီး စာရောက်လာပါတယ်။ ကျွန်မစာဖတ် လိုက်တဲ့အခါမှာ ကိုယ့်အနေနဲ့ရိုးသားစွာ ဖြေကြားလိုက်ခြင်းအပေါ်မှာ တစ်ဖက်က အမြင်စောင်းသွားတယ်လို့ ထင်မိပါတယ်။  ကျွန်မပြောတဲ့စကားပေါ်မှာ သူတို့ရဲ့ အဓိပ္ပာယ်ကောက်ယူမှုက
တစ်မျိုးဖြစ်သွား တယ်။သူတို့ဘက်ကလည်း ဒါစေတနာနဲ့ပြောတဲ့ စကားလို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာ ပါလာတဲ့ ဂျာနယ် ကိုလည်း ကျွန်မသေချာ သိမ်းထားပါတယ်။သူတို့ ထောက်ပြတဲ့အချက်တွေကိုလည်း ကျွန်မအနေနဲ့ သေချာမှတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မဘက်က ထင်တာ ကတော့ ဒီလိုမျိုး ဝေဖန်စာလာတိုင်း ကျွန်မတို့ဘက်က တုံ့ပြန်တယ်ဆိုတဲ့ အလေ့အထလည်း ကျွန်မတစ်ခါမှမရှိခဲ့ဘူး။ မရှိတဲ့အတွက်ကြောင့် သူတို့က ရုံးခန်းကို စာထပ်ပို့တယ်။ အင်တာဗျူးမှာ ဖြေထားတဲ့အကြောင်းအရာကို အဖွဲ့ကနေပြီး သဘောတူညီမှုနဲ့ ဖြေထားတာလား။ ဒါမှမဟုတ်ကျွန်မရဲ့ကိုယ်ပိုင် ခံစားချက်နဲ့ဖြေထား တာလားဆိုပြီးတော့ ထပ်လာတယ်။ အဲဒီ ရက်ပိုင်းအတွင်းက ကျွန်မတို့အနေနဲ့ ဒီစာကို မပြန်ကြားပေး လိုက်မိဘူး။ အဲဒီ အချိန်မှာ  သူတို့အနေနဲ့ကလည်း သူတို့ မေး တဲ့မေးခွန်းကို မဖြေဘူးဆိုပြီး တော့ ဒါသူတို့ကို မလေးစားတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ဆရာဝန်တွေရဲ့ လက်မှတ်နဲ့ ကျွန်မတို့ဆီ စာထပ်လာတယ်။ အဲဒီ အခါမှာတော့ ကျွန်မတို့ ရုံးက လူကြီးတွေအနေနဲ့ ဒီစာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ကြမလဲဆိုပြီး ဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ အနေနဲ့သူတို့ ဆီကိုပဲစာပြန်  လိုက်တယ်။ ကျွန်မအနေနဲ့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ကို ယူထားတဲ့အခါမှာ အဖွဲ့ရဲ့ဆုံးဖြတ်ထားတဲ့ အကြောင်းအရာတွေကို ပြောသလိုမျိုး တချို့ကိစ္စတွေမှာကျတော့ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်နဲ့ ပြောတာမျိုးတွေလည်း ရှိပါတယ်။သူတို့ ထောက်ပြတဲ့ အချက်တွေကလည်း ကျွန်မရဲ့ကိုယ်ပိုင်အမြင်နဲ့ ပြောတဲ့စကားတွေသာ ဖြစ်တယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ် မြောက်ရေးအဖွဲ့နဲ့ မဆိုင်ပါဘူး။ ဒါကြောင့် ကျွန်မပြောတဲ့စကားလုံးတွေဟာ မှားယွင်းနေတယ်လို့ သူတို့ပြောတဲ့အတွက် ကြောင့်မို့ သူတို့ကျေနပ်မယ့်စာကို ကျွန်မအနေနဲ့ရုံးစာနဲ့ ကျွန်မရဲ့စာတွဲပြီး သူတို့ဆီကို ပို့လိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့ဆီကို သူတို့ပို့လိုက်တဲ့စာက စာတိုက်ကနေပို့တာ ဖြစ်တဲ့အတွက်ကျွန်မတို့ အနေနဲ့ လည်း သူတို့ဆီကို စာတိုက်ကနေပဲ ပြန်ပို့နိုင်ပါတယ်။ စာတိုက်ကနေပို့တဲ့အတွက် အမြန်တော့မရောက်ဘူး။ ကြန့်ကြာမှုတွေရှိနိုင်တယ်။ အကယ်၍များ သူတို့ရဲ့အီးမေးကို ပါ ထည့်ပေးလိုက်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ပိုပြီးမြန်ဆန်စွာပို့ပေးနိုင်မှာပါ။ နောက်တစ်ခုက ကျွန်မတို့အနေနဲ့ ဒီကိစ္စကို ဂျာနယ်ပေါ်ကနေ ပြောတာထက်စာရင် ကျွန်မဆီကို အိတ်ဖွင့်ပေးစာပို့တဲ့ စာရေးသူဆီကိုပဲ တိုက်ရိုက်စာပြန်သင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် သူ့ဆီကိုပဲ တိုက်ရိုက်စာပြန် ပို့ပေးလိုက်ပါတယ်။ ကျွန်မအပါ အဝင်အဖွဲ့ဝင်တွေ အားလုံးက အချိန်တွေပေးပြီး ဇာတ်ကားထဲကို အာရုံအပြည့် စိုက်ထားကြတာပါ။ ဇာတ်ကားရိုက်ကူးမှုတွေကို နားထားတဲ့အတွက် ကျွန်မတို့ရဲ့ ဝင်ငွေတွေကလည်း အများကြီး ဆုံးရှုံးပေမဲ့ ကျွန်မတို့ကျေနပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့နိုင်ငံရဲ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကား ရိုက်ကူးမှုမှာ တစ်တပ်တစ်အား ပါဝင်ကူညီခွင့်ရတဲ့အတွက် ကျွန်မတို့ ကျေနပ်ပီတိ ဖြစ်နေခဲ့တာပါ။ ကျွန်မတို့ဆီကို စာရေးတဲ့လူတွေအနေနဲ့လည်း ဗိုလ်ချုပ်ကိုချစ်တဲ့ စိတ်နဲ့ စေတနာထားပြီး ရေးတယ်လို့ပဲ ယူဆပါတယ်။ အဲဒီအတွက်သူတို့ရဲ့ဝေဖန်စာတွေနဲ့ ထောက်ပြချက်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
လင်းအက္ခရာ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။