MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 19, 2012

ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဇူလိုင်လတွင် စောင့်ကြည့်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဇူလိုင်လတွင် စောင့်ကြည့်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပခဲ့သည့် အော်စလိုညီလာခံ ပြင်ပတွင် ဇွန်လ ၁၈ ရက်နေ့ က အေအက်ဖ်ပီ သတင်းဌာနသို့ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သမ္မတဦးသိန်းစိန် အစိုးရသည်လည်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီရေး ဆုံးဖြတ် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်ပုံ ကွဲပြားသော်လည်း ဦးတည်ချက် တူညီပါကြောင်း၊ တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပခရီးစဉ်အတွင်း သူရဲကောင်းတစ်ဦးကို ကြိုဆိုသလို
ကြိုဆိုနေမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ဒီအတွက် ကျွန်တော့်အနေနဲ့ ဂုဏ် ယူပါတယ်။ သူ့(ဒေါ်အောင်ဆန်းစုကြည်)အတွက်လည်း ဂုဏ်ယူပါတယ်။ ဥရောပမှာ မြန်မာအမျိုးသမီး တစ်ဦးကို အခုလိုကြိုဆိုမှုဟာ ကောင်းတဲ့အရာတစ်ခုပါ”ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်း ကို ဇွန်လ ၁၆ ရက်နေ့က ပြောကြား ခဲ့ပြီး မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ရှိနေ သေးကြောင်း၊ ယခုဒီနေရာကနေ သူ ပြောရခြင်းသည်လည်း သူကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ရတာ ကြောင့်ဖြစ်ကြောင်း၊ ယုံကြည်ချက် ကြောင့် အကျဉ်းကျသူ တစ်ယောက်ဆိုရင်ပဲ တစ်ယောက်ဆို သလောက် များနေပြီဖြစ်ကြောင်း၊ မလွတ်သေး သူများ အမြန်ဆုံး လွတ်မြောက်လာရန်လည်း တတ်နိုင်သမျှ လုပ်ဆောင်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်နှင့် စပ် လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အေအက်ဖ်ပီသတင်း ဌာနက မေးမြန်းခဲ့ရာ ပြည်ထောင်စု ၀န်ကြီးက “ဇူလိုင်လကို စောင့်ကြည့်သင့်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ချသူ မဟုတ်ပါဘူး”ဟု   ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ၎င်းက အစိုးရအနေဖြင့် အမှုတွဲများကို ပြန်လည်ဆန်း စစ်နေကြောင်း၊ ကျန်ရှိသူများကို လွှတ်ပေးရန် မိမိတို့တွင် စိတ်ကူးရှိ ပါကြောင်း၊ စိတ်ကူးဖြစ်ပါကြောင်း၊ အမိန့် မဟုတ်ပါကြောင်း၊ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါကြောင်း လည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အရပ်သား အစိုးရသစ် တက်လာပြီး တစ်နှစ်တာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း၊ ဇန်န၀ါ ရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ် ဆောင်ရွက်ပေးခဲ့ခြင်းမှာ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေး တွင် အားလုံးပါဝင်ခွင့်ရရှိရေးအ တွက် ရည်ရွယ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်၌ မတ်လ ၁ ရက်နေ့ က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာနတွင် ပြုလုပ်ခဲ့သော လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည် ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီး ပေးပို့တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ် ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
သို့ရာတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စာရင်းထဲတွင် ပါဝင် သူအားလုံး မလွတ်သေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ဖော်ပြောကြားထားသည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော် ဆောင်မှု၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး တွင် အရေးကြီးသည့် ခြေလှမ်းများဖြစ်သဖြင့် ယင်းကဲ့သို့ ထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ထပ်မံလွှတ်ပေးရေးကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ နိုင်ငံများက တောင်းဆိုထားကြသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။