MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, June 2, 2012

မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့ ဥပဒေရေးရာ ဆွေးနွေးပွဲ ကျင်းပ


RFA
၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်။


မြန်မာနိုင်ငံ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ တရပ်ကို မြန်မာနိုင်ငံရှေ့နေများ ကွန်ယက်အဖွဲ့က ဦးစီးပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးနဲ့ နိုင်ငံရေးအကျဉ်းကျ ရှေ့နေများ
လိုင်စင်ပြန်လည်ရရှိရေး စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး တင်ပြကြကြောင်း ဦးဆောင်စီစဉ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
"အဓိကအချက်ကတော့ ကျွန်တော်တို့တိုင်းပြည်မှာ လယ်သမား၊ အလုပ်သမားပေါ့နော်၊ စာပေစာနယ်ဇင်းတို့ အစိုးရချုပ်ကိုင်မှု ကင်းလွှတ်ပြီးတော့ ဖွဲ့စည်းတည်ထောင်ခွင့် ပေးထားတယ်။ ကျွန်တော်တို့ရှေ့နေ ရှေ့ရပ်တွေမှာကျတော့ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိဘူး။ နောက်ဘားကောင်စီ ဥပဒေကလည်း ကျွန်တော်တို့ကို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေပဲဖြစ်တယ်။ ကျွန်တော်တို ရှေ့နေတွေကို ကိုယ်စားမပြုဘူး။ နောက်ပါတဲ့သူတွေကလည်း ဂုဏ်သိက္ခာရှိတဲ့၊ ဂုဏ်သတင်း ကျော်ဇောတဲ့ ရှေ့နေတွေမပါပဲနဲ့ အစိုးရဝန်ထမ်းဟောင်း၊ ဥပဒေအရာရှိတွေတို့၊ တရားသူကြီးဟောင်းတွေကို ထည့်ထားပြီးတော့ ကျွန်တော်တို့ ရှေ့နေအားလုံးရဲ့ ကိုယ်စားမပြုနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အဲဒီကိစ္စတွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ပေးဖို့အတွက် ကျွန်တော်တို့ လှုပ်ရှားမှု ဖြစ်ပါတယ်"
ဒီစာတမ်းဖတ်ပွဲမှာ အခွန်ဥပဒေ တိုးမြှင့်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်စာတမ်း၊ တရားရုံးအဆောက်အဦးကို တခြားဌာနများကို ချထားတဲ့ ကိစ္စ၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအတွက် ဘားကောင်စီ ဥပဒေကို ဝေဖန်ချက်စာတမ်းနဲ့ နိုင်ငံရေးမှုကြောင့် အကျဉ်းကျခံရပြီး လိုင်စင်ရုပ်သိမ်းခံရတဲ့ ရှေ့နေများရဲ့ကိစ္စ စတဲ့ စာတမ်း ၄ စောင်ကို ဥပေဒပညာရှင် ဦးအောင်သိန်း၊ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦး နဲ့ ၈၈- မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အသီးသီး ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။
ဒီအခမ်းအနားကို NLD ခေါင်းဆောင် ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဥပဒေပညာရှင်တွေ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေ စုစုပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

2012-06-01
 
RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။