MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

“မိဒွေး ရောင်းစားလိုက်သည့် ရန်ကုန်က ကျောင်းသူ မြန်မာသံရုံးသို့ ထွက်ပြေးလာ”

လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန်ကုန်မှ အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ ဘန်ကောက်ြ မို့အနီးတရုတ်ဆန့်ကျင်ဘက်လူမျိုး အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူ
တာ စာရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။ လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ် ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်ကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာဟာလာ သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး တွင်ညှင်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်။
BAT ကလည်း မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မ- - - မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။
(၁)မြန်မာနိုင်ငံမှထွက်မလာခင်ကတည်းရှိထိုင်းနိုင်ငံမှမိမိဆွေမျိုးသားချင်းနှင့်မိသားစုများအားဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်များကိုစာအုပ်ဖြင့်မှတ်သားရုံသာမက
မိမိစိတ်ထဲတွင်လည်းစွဲမြဲစွာမှတ်သားထားသင့်သည်။(၂)ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိလာပြီးနောက်မြန်မာသံရုံးဖုန်းနှင့်မြန်မာအလုပ်သမားရေး
ကူညီဆောင်ရွက်သည့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်မြန်မာအလုပ်သမားအဖွဲ့တို့၏ဖုန်းနံပါတ်စာအုပ်ဖြင့်မှတ်သားရုံသာမကမိမိစိတ်ထဲတွင်လည်းစွဲမြဲစွာမှတ်သားထားသင့်သည်။
(၃)မိမိနေထိုင်သည့်လမ်းအမည်၊ရပ်ကွက်အမည်တို့ကိုထိုင်းဘာသာအသံထွက်အားသေသေချာချာမှတ်မိအောင်ဂရုပြုရမည်။မိမိလုပ်ကိုင်သည့်
အလုပ်ရုံလိပ်စာကိုသေချာစွာမှတ်ထားသင့်သည်။


by chan myae maung

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။