MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 19, 2012

နိုင်ငံခြားငွေဈေးကွက်သို့ ဗဟိုဘဏ်ဝင်လာပါက ကန်ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲကြီးမားနိုင်


 

နိုင်ငံခြားငွေလဲလှယ်သည့်ဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝင်ရောက်လာပါက အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း အပြောင်းအလဲသိသိသာသာဖြစ်ပေါ်လာနိုင်ကြောင်း
ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင် သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
“ဗဟိုဘဏ်က Market ထဲကို ဝင်လာမှ ဒေါ်လာဈေးနှုန်းအပြောင်းအလဲ သိသိသာသာဖြစ်လာမှာ
အခုလက်ရှိ ဗဟိုဘဏ်က ဘာမှ ဝင်မလုပ်သေးတဲ့အတွက် ဈေးနှုန်းအပြောင်းအလဲထပ်ဖြစ်ဖို့ဆိုတာ မပြောနိုင်သေးဘူး။ ကျလဲ ကျလာနိုင်သလို၊ တက်လဲ ထပ်တက်နိုင် တယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ကမ္ဘောဇ (KBZ) ဘဏ်မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးသန်းလွင်က   နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲများ ထပ်မံဖြစ်လာနိုင်ခြင်း ရှိ၊မရှိအပေါ် ၎င်း၏အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

 
 
(၂၀၁၂)ခုနှစ်၊ ဧပြီလ()ရက်နေ့တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို နှုန်းရှင်အဖြစ်စတင်သတ်မှတ်စဉ်က အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ် ငွေ (၈၁၈) ကျပ်သာရှိခဲ့သည်။
 
 
သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးပြောင်းလဲမှုများနှင့် မူဝါဒအပြောင်းအလဲများကြောင့် နိုင်ငံခြားငွေလဲလှယ် နှုန်းအား နှုန်းရှင်အဖြစ် သတ်မှတ်ပြီး (၇၉)ရက်အကြာ ယနေ့ ဇွန်လ(၁၉)ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ လျှင် မြန်မာကျပ်ငွေ(၈၅၇) ကျပ်အထိ   မြင့်တက်လာခဲ့သည်။
 
 
“ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ဝင်ရောက်လာပြီး အရောင်းအဝယ်ပြုလုပ်လာမယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းဟာ ပိုမိုမြင့်တက်လာမယ်လို့ ထင်တယ်။ အခုဆို နိုင်ငံတော်ကနေပြီး ရောင်းချပေးမယ့် ချယ်ရီဝက်ဂွန်ကားတွေဆို   ဒေါ်လာဈေးတက် လာတာကြောင့်ဆိုပြီး အရင် (၅၅) သိန်းနဲ့ ရောင်းချပေးတာကနေ (၇၅) သိန်းဖြစ်သွားတယ်လေ”ဟု Export/Import လုပ်ငန်းရှင် ဦးအောင်ကျော်က ပြောသည်။
 
 
အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်လာသည့်က စီးပွားရေးလုပ်ငန်းရှင်အများစုအတွက်  ဆုံးရှုံမှုအနည်းငယ်သက်သာလာကြောင်းနှင့် ကားတင်သွင်းသူများအတွက်မှု ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
 
 
ထို့အပြင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ပြင်ပဈေးကွက်ပေါက်ဈေးသည် မေလကုန်ပိုင်းလောက်မှ စတင်ကာ ဘဏ်လဲနှုန်းထက် သိသိသာသာမြင့်တက်လာပြီး ပြင်ပငွေလဲနှုန်း ဈေးကွက်ပြန်လည်လှုပ်ခတ်လာသည်ဟု ပြင်ပ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူများထံက သိရှိရသည်။
 
 
“ဝယ်ဈေးမှာ ပိုပြီးသိသာတယ်၊တစ်ဒေါ်လာကို ခုနှစ်ကျပ်၊ရှစ်ကျပ်လောက်ကိုကွာတယ်၊ရောင်းဈေးမှာကျတော့ တစ်ကျပ်နှစ်ကျပ်လောက် ပဲ ကွာတယ်ဗျ။ အဓိက အရောင်းအဝယ်ဖြစ်တာက ရာဂဏန်းကနေ၊ ထောင်ဂဏန်းလောက်အထိ အရောင်းအဝယ်ဖြစ်တာ များတယ်” ဟု ကျောက်တံတားမြို့နယ်မှ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူ ကိုစိုးသူက နိုင်ငံခြားငွေလဲလှယ်သည့် ကောင်တာများနှင့် ပြင်ပ   နိုင်ငံခြား ငွေဈေးကွက်ကွာဟမှုအပေါ်တွင် ၄င်း၏အမြင်ကို ရှင်လင်းပြောဆိုသည်။
 
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းအား နှုန်းရှင်သတ်မှတ်ပြီးနောက် တစ်လကျော်အကြာ မေလ (၉) ရက်နေ့တွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ရှိပြီးသူများကို ကားတင်သွင်းခွင့်ပြုပြီးနောက် ရက်ပိုင်းအတွင်း အမေရိကန် တစ်ဒေါ်လာလျှင် (၈၃၄) ကျပ်ဝန်းကျင် အထိ မြင့်တက်ခဲ့သည်။
 
 
ဇွန်လလဆန်းပိုင်းအထိ တရွေ့ရွေ့ဖြင့်တက်လာသော အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဇွန်လ (၁၅) ရက်နေ့ ငွေစက္ကူတစ်သောင်း တန်ကျပ် စတင်ထုတ်ဝေသည့်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ(၈၅၃)အထိရှိလာခြင်းဖြစ်သည်။ ယနေ့ဇွန်လ(၁၉) ရက်နေ့ ပေါက်ဈေးမှာ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ(၈၅၇)ကျပ်နှုန်းရှိသည်။
 
 
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်အတွင်းသို့ ၀င်ရောက်ရန် အသင့်မဖြစ်သေးကြောင်း ဗဟိုဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။


မြစ်မခ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။