MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, June 15, 2012

နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ

နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်မှုကြောင့် ကိုကာကိုလာကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု မပြုထားသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် နှစ်နိုင်ငံသာ ကျန်ရှိတော့ပြီး ၄င်းတို့မှာ အာဏာရှင်နိုင်ငံများ ဖြစ်ကြသည့် ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု အစိုးရက အမေရိကန် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင်ထုတ်ပေးသည်နှင့် တစ်ပြိုင်နက် ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း
စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံ အတ္တလန်တာ အခြေစိုက် ကုမ္ပဏီဖြစ်သည့် ကိုကာကိုလာကုမ္ပဏီက အစဦးဆုံးအနေဖြင့် အိမ်နီးချင်း နိုင်ငံများက ကိုကာကိုလျာားကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်  မြန်မာနိုင်ငံတွင်းမှ စီးပွားဖက်ကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ကိုကာကိုလာ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီထောက်ပံ့သည့်အနေဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ မဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်။

ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်မှာ ၁၉၂၇ ခုနှစ်ကဖြစ်ကြောင်း သိရသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန် ပြည်ထောင်စုသမ္မတ ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က လျော့ပေါ့ခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။