MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, June 6, 2012

ကော့သောင်းခရိုင် ကျေးရွာ ၉ ရွာတွင် အိမ်တချို့ရေနစ်မြုပ်

2012-06-05
မြန်မာနိုင်ငံတောင်ဘက်စွန်းမှာ ၁၀ ရက်ကျော်ကျော် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကော့သောင်း-ရနောင်းနယ်စပ်ရှိ ပါချန်မြစ်ရေ လျှံတက်လာပြီး ကော့သောင်းခရိုင် အရှေ့ဘက်ကမ်းရိုးတန်း ကျေးရွာတချို့ရှိ အိမ်တွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ကမ်းရိုးတန်းရွာတွေဖြစ်တဲ့ လုံးဖော၊ အေးချမ်းသာ၊ ဖောဆိုး၊ မာဒါ၊ ရေတွင်းတောင်ရွာ စတဲ့ ရွာတွေအပါအ၀င် ရွာပေါင်းကိုးရွာ ရေနစ်မြုပ်နေတယ်လို့

 ဒေသခံတွေက ပြောပါတယ်။ရေကြီးမှုအခြေအနေကို ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်
 အေးချမ်းသာရွာသူ ဒေါ်တင်တင်နွဲ့က အခုလို ပြောပါတယ်။"ရေကတော့ ကမ်းနားတန်းက 
အိမ်တွေကတော့ အကုန်လုံး ခေါင်တွေလည်း မြုပ်ကုန်ပြီ။ ပစ္စည်းတွေလည်း မျောတဲ့လူတွေလည်း မျောတယ်ပေါ့။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ ပြေးလို့လွတ်သွားတယ်။ အခုဖြစ်တဲ့နေရာက ခမောက်ကြီးမြို့နယ် အေးချမ်းသာကျေးရွာ၊ အဲဒီကျေးရွာ တစ်ရွာတည်းတင် မဟုတ်ဘူး။ လမ်းတလျှောက်လုံးပေါ။့ နယ်စပ်ဒေသ တောက်လျှောက်လုံးဆိုရင် ဆိတ်ကြီး၊ အုတ်စို့၊ အေးချမ်းသာကနေ ဟိုဘက် လုံးဖောအထိပေါ့။ အားလုံး ၉ ရွာလောက် ရှိတယ်။ အကုန်လုံးတော့ မမြုပ်ဘူး။ ကမ်းနားတန်းက အိမ်တွေမြုပ်တယ်။ မြေနိမ့်တဲ့ နေရာမှာ ရွာထဲဘက်မှာလည်း အဆင့်ထိုးပြီး နေရတယ်။ မြစ်ရေကြီးတာက ညတုန်းက စကြီးတယ်။ မနေ့တုန်းကတော့ ရေက ဒူးဆစ်လောက်ပဲ ရှိတယ်။ ဒူးဆစ်လောက်ကနေ အခုခေါင်တွေထိ ရောက်လာတာပေါ့"
ဒီရွာအားလုံးမှာ အနည်းဆုံးအိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၇၀၀ ကျော်ရှိတဲ့   အေးချမ်းသာရွာမှာတော့ ကမ်းခြေနားနီးတဲ့ အိမ် ၅၀ နီးပါး ရေမြုပ်ခဲ့တယ်လို့ ဒေါ်တင်တင်နွဲ့က ပြောပါတယ်။
အလားတူ လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ဖောဆိုးရွာဟာ ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံရတယ်လို့ သိရပေမယ့် သွားလာဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူးလို့ အေးချမ်းသာက ဆရာမတဦးကလည်း ပြောပါတယ်။
မိုးအဆက်မပြတ် ရွာနေပြီး ရေစီးသန်နေတာကြောင့် အေးချမ်းသာရွာရှိ အလယ်တန်းကျောင်းကို ဒီနေ့ ပိတ်ထားရပြီး ရွာသူရွာသားတွေက ရေလွတ်ရာ အမြင့်ပိုင်းနေရာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။
အဲဒီက ရေဘေးဒုက္ခသည်တွေဟာ ရွာရဲ့ စာသင်ကျောင်းနဲ့ ရွာဦးဘုန်းကြီးကျောင်းတို့မှာ ခိုလှုံနေကြပြီး ရေဘေးလွတ်တဲ့ ဒေသခံတွေက ကူညီပေးနေတယ်လို့ သိရပါတယ်။ တချို့လည်း ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်း ကလပူရီဘက်မှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။