2012-06-02
ၾသစေတးလ် နိုင်ငံက မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးအတွက် ပြည်ပနိုင်ငံတွေနဲ့  ပူးပေါင်း ဆောင်ရွက်လိုကြောင်း သြစတေးလျ ၀န်ကြီး က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံမှာ မနေ့က ပြောပါတယ်။
သြစတေးလျ စွမ်းအင်၊ အရင်းအမြစ်နဲ့  ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson ဖြစ်ပါသည်။
မနေ့ က WEF ညီလာခံ အပြီး အလွတ်သဘော ပြောရာမှာ သြစတေးလျ စွမ်းအင်၊
အရင်းအမြစ်နဲ့ 
ခရီးသွားလုပ်ငန်း ၀န်ကြီး Martin Ferguson က သြစတေးလျ နိုင်ငံက သတ္တုတွင်း နဲ့ ရေနံကုမ္ပဏီတွေကို ထိုင်းနိုင်ငံ က PTT ကုမ္ပဏီ၊ အမေရိကန် အခြေစိုက် Chevron ကုမ္ပဏီ တွေနဲ့  ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့  အားပေးတိုက်တွန်း တယ်လို့ ဆိုပါတယ်။
စွမ်းအင် အရင်းအမြစ် အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့ အတွက် နည်းပညာ ကျွမ်းကျင်မှု၊ ကုန်ကျစရိတ်နဲ့ အရဲစွန့် လုပ်ရတာကို မိမိတို့ က စိုက်ထုတ်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Mr.Fergusen က ရင်းနှီးမြှုပ်နှံလိုတဲ့ သူတွေ အနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေး မူဝါဒ ချမှတ်မှုတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေသလို သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတွေလည်း ခိုင်မာမှု ရှိဖို့  အရေးကြီးတယ်လို့  ပြောဆိုပါတယ်။
RFA

No comments:
Post a Comment