တူညီတဲ့ အခွင့်အရေးဖြစ်သွားအောင် ၎င်းခုနှစ်ထက် ပိုဖို့ ရှိပါတယ်။ ပိုမို တင်ပြထားပါတယ်။ နောက် အခွန်အကောက် ကင်းလွတ်ခွင့်ဆိုတာက စီးပွားရေး စတဲ့နေ့ကစပြီး ၃နှစ်အတွင်း တင်သွင်းသော ကုန်ကြမ်းများအပေါ် အခွန်အကောက် ကင်းလွတ်ခွင့်ပေးတယ်။ဒါက MIC ရဲ့ အခွင့်အရေးပါ''ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း မကြာမီကျင်းပမည့် စတုတ္ထအကြိမ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးကာ ပြဌာန်းနိုင်ရေး ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရှိရသည်။
၎င်းဥပဒေကြမ်းတွင် ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံခြားသားက နိုင်ငံခြားမတည်ငွေရင်း ရာနှုန်းပြည့်ဖြင့် ပြုလုပ်ခြင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား (သို့) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတို့ ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့်ဆောင် ရွက်ခြင်းများ ပြုလုပ်လာနိုင်ခြင်း၊ ရေရှည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်နိုင်စေရန် အားပေးသည့်အနေဖြင့် အခြေခံပစ္စည်းကို ရောင်းချ၊ လဲလှယ်၊ လွှဲပြောင်းခြင်း ပြုလုပ်လိုပါက လုပ်ငန်းအမျိုးအစား၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ရောင်းရသည့် တန်ဖိုးအပေါ် မူတည်ပြီးရရှိသော အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းထက်မပိုသည့် ကော်မရှင်က သတ်မှတ်ထားသော ငွေပမာဏကို နိုင်ငံတော်သို့ ပေးသွင်းရခြင်း စသည့် အချက်များ ပါဝင်လာဖွယ်ရှိကြောင်း သိရှိရသည်။

News-Eleven
No comments:
Post a Comment