MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမရှိတော့ နယ်စပ်ဒေသမှာ အခက်အခဲရှိတယ်၊ ဒေါက်တာ စင်သီယာမောင်နှင့် တွေ့ဆုံခြင်း



၁၉၈၉ ခုနှစ်တွင် မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင်ရှိနေသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လုပ်ဆောင်ပေးနေသူ ဒေါက်တာစင်သီယာမောင်အား ဇွန်လ ၃ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၌ တွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံ၏ မာသာထရီဆာဟု နိုင်ငံတကာမှ တင်စားခဲ့သည့် ဒေါက်တာစင်သီယာမောင်သည် ၁၉၈၉ ခုနှစ်တွင် မဲဆောက်မြို့သို့ ရောက်ရှိနေထိုင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ ဆေးဝန်ထမ်းများနှင့်အတူ မယ်တော်ဆေးခန်းကို ထူထောင်ပြီး နယ်စပ်ဒေသကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပါသည်။

မေး - ထိုင်းနိုင်ငံမှာတော့ သူတို့ရဲ့ နိုင်ငံသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက ရှိထားပြီး ဖြစ်တယ်။ မြန်မာတွေအတွက် မယ်တော်ဆေးခန်းက အားထားစရာ ဖြစ်ခဲ့ပါတယ်။ မယ်တော်ဆေးခန်းကို ဘယ်လိုစေ့ဆော်မှုတွေကြောင့် လုပ်ဖြစ်ခဲ့တာပါလဲ။
ဖြေ - ၁၉၈၈မှာ စနစ်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီရေးတွေမှာ ကျွန်မတို့ ကျန်းမာရေး ၀န်ထမ်းတွေပါဝင်ပြီးတော့ ပူးပေါင်းခဲ့တယ်ပေါ့။ အာဏာသိမ်းပြီးတဲ့ အချိန်မှာတော့ လတ်တလော အခြေအနေမှာ ကျွန်မတို့နဲ့လက်တွဲပြီးတော့ ၈၈ အဖွဲ့က ကျောင်းသူ ကျောင်းသားတွေရော၊ ဆရာဝန်တွေရောပေါ့။ ဘားအံတစ်ဝိုက်ကနေ အားလုံးက နယ်စပ်ကို လာကြတယ်ဆိုတော့ ကျွန်မတို့လည်း  နယ်စပ်ကိုသွားပြီးတော့ ရင်ဆိုင်ကြရမှာပဲဆိုပြီးတော့ နယ်စပ်ကို ရောက်လာခဲ့ကြတယ်။
မယ်တော် ဆေးခန်းဆိုပြီး နာမည်တပ်ပြီး ၁၉၈၉ ခုနှစ်မှာ လုပ်ခဲ့တာပါ။ ကျွန်မတို့ Displace  ဖြစ်တဲ့ community  ထဲမှာပြည်တွင်းက ကျောင်းသားကြီးပဲ မဟုတ်ဘူး။ နယ်စပ်တစ်လျောက်မှာ ကျောင်းသားတွေနဲ့ နှစ်ပေါင်းများစွာ စစ်ပြေး၊ စစ်ဒဏ်ကြောင့် ပြောင်းရွှေ့နေတဲ့ ပြည်သူလူထုတွေ ရှိတယ်။ ထိုင်းနိုင်ငံထဲမှာလည်း ပြည်မကနေပြီးတော့ အဝေးကြီးက အလုပ်လာလုပ်တဲ့သူတွေ ရှိသလို၊ ဒီနယ်စပ်တစ်လျောက်မှာရှိတဲ့ စစ်ပြေးပြီးတော့မှ ဒုက္ခသည် စခန်းတွေဆီကို မသွားဘဲနဲ့ ဒီထိုင်းနိုင်ငံကိုပဲ လာပြီးတော့ အလုပ်လုပ် ကိုင်စားသောက်ကြတဲ့သူတွေ ရှိတယ်။ အများစုက အလုပ်သမား မှတ်ပုံတင်တွေ၊ ဥပဒေတွေ မရှိသေးဘူး။ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ကူညီဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မှာ ဆေးခန်းအနေနဲ့ ၁၉၉၀ နောက်ပိုင်းမှာ ဆေးခန်းပုံစံလေးကိုစတာပေါ့။
မေး - မယ်တော်ဆေးခန်းရဲ့ ကျန်းမာရေးစောင့် ရှောက်မှုစရိတ်က အခမဲ့လား။ ဒါမှမဟုတ် စရိတ်မျှပေး ပုံစံမျိုးနဲ့ သွားတာလား။ 
ဖြေ - ဒီဘက်မှာလည်း ရန်ပုံငွေ အခက်အခဲတွေ၊ အကန့်အသတ်တွေ အများကြီးရှိပါတယ်။ လူနာတွေရဲ့ ပါဝင်နိုင်မှုကို စပြီးတော့ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းလောက်မှာစပြီးတော့ စဉ်းစားတယ်။ အဲဒီစနစ် တည်ဆောက် ကြည့်တယ်။ လက်တွေ့မှာမအောင် မြင်ဘူး။ မအောင်မြင်ဘူးဆိုတာက လူနာ တော်တော်များများက ဒီကိုခရီးရောက်ဖို့ မနည်းဖြတ်သန်းရတယ်။ ခရီးစရိတ်ဆိုတာ ရှိသလို အများစုက တရားဝင်နေထိုင်တာ မဟုတ်ဘူး။ လမ်းမှာ လုံခြုံရေး စရိတ်တွေနဲ့ ကုန်ကျမှုတွေ ရှိတယ်ဆိုတော့ ဒီကိုလွယ်လွယ်ကူကူ ရောက်လာကြတာ မဟုတ်ဘူး။ သူတို့ နေဖို့၊ စားဖို့ စီစဉ်ရတာတွေ ရှိတယ်။ ဥပမာ တစ်ယောက်တည်း လာလို့မရဘူး။ အဖေဖျားရင် အမေလာတော့ ကလေးတွေလည်း ပါလာရော။ ဆိုတော့ သူတို့ဆီက ပြန်ယူဖို့ထက် ပြန်ဖို့ ခရီးစရိတ်တောင် မရှိတော့ရင် ပြန်ပြီးပေးရတယ်။
ကိုယ့်လူထုရဲ့ ၀င်ငွေနဲ့ အလုပ်အကိုင်၊ နောက်ပြီး အလုပ်သမားတွေဆိုရင် တရားဝင် အလုပ်သမားတွေ၊ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေ မဟုတ်ကြတော့ သူတို့ရဲ့ဝင်ငွေက သတ်မှတ်ထားတဲ့ စံနှုန်းဘတ် ၂၀၀ အထိမရှိဘဲနဲ့ ဘတ်၅၀၊ ၆၀လောက် ဆိုတော့ ဒီကိုလာဖို့အတွက် ခရီးစ ရိတ်ကို စဉ်းစားရတယ်။ နောက်ပြီး သူတို့က တစ်ရက် အလုပ်မလုပ်ရင် တစ်ရက် ၀င်ငွေမရှိဘူး။ ကျွန်မတို့ ပြည်သူလူထုရဲ့ ၀င်ငွေနဲ့ အလုပ်အကိုင် ကိုကြည့်ရင် သူတို့ ကျန်းမာရေးကိစ္စကို ဘယ်လိုမှ သူတို့ဟာနဲ့သူတို့ တည်ဆောက်လို့ မရဘူး။ ဒီထိုင်းနိုင်ငံမှာ ရှိတဲ့စနစ်ကို ကြည့်တဲ့အခါ၊ ထိုင်းနိုင်ငံသားတွေ ဖြစ်ခဲ့မယ်ဆိုရင် အခြေခံကျန်းမားရေး စောင့်ရှောက်မှုကို ဘတ် ၃၀နဲ့ ခံစားခွင့်ရတယ်။ သူတို့က အစိုးရရဲ့ တာဝန်ယူတွေက အပြည့်အ၀ ရှိကြတယ်။ သူတို့က ၀င်ငွေနဲ့ အလုပ်အကိုင်နဲ့ နိုင်ငံသား ဖြစ်တယ်။ ကျွန်မတို့ဆီမှာက ၀င်ငွေ၊ အလုပ်အကိုင်ကလည်း မတည်ငြိမ်ဘူး။ လာရတဲ့ လမ်းခရီးနဲ့ဆိုတော့ လူနာတွေက ပါဝင်ထည့်ဝင်ရတဲ့စနစ်ကတော့ မအောင်မြင်ခဲ့ပါဘူး။
မေး - ဒီမှာ တစ်နှစ်၊ တစ်နှစ်ကို ဘယ်လောက် ဆေးကုသမှု ပေးရပါလဲ။ နောက်ပြီး မြန်မာနိုင်ငံ ကလာကုတဲ့သူတွေလည်း ရှိတယ်ဆိုတော့ ဘယ်လောက်ပမာဏအထိ ရှိပါသလဲ။ 
ဖြေ - မနှစ်က စာရင်းတွေ အရလူနာ အရေအတွက် ၈၀၀၀၀ လောက်ရှိတယ်။ လူတစ်ယောက်က တစ်ခေါက်လာတာ မဟုတ်ဘူးလေ။ အကြိမ်လည်း ပါမယ်။ ရောဂါအမျိုးအစားလည်း ပါမယ်ဆိုတော့ အားလုံးစုစုပေါင်းက လာတဲ့အကြိမ်အရေအတွက်နဲ့ တွက်မယ်ဆိုရင်တော့ ၁၅၀၀၀ လောက်ရှိမယ်။ အပြင် လူနာဆိုလို့ရှိရင် ၄၀ ရာခိုင်နှုန်းက မြန်မာပြည်ကလာတာ။ အတွင်းလူနာဆိုရင်တော့ ၇၀ ရာခိုင်နှုန်းက မြန်မာပြည်ကလာတာပါ။
မေး - မယ်တော်ဆေးခန်းက ကုသမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ ၀န်ထမ်းအင်အားက ဘယ်လောက်သုံးထားလဲ။
ဖြေ - ကျွန်မတို့ရဲ့ ၀န်ထမ်းအင်အားက ကုသရေးအင်အားမှာတော့ ၂၀၀ လောက်ရှိတယ်။ နောက်တခြား အကူဝန်ထမ်းတွေမှာတော့ ၁၀၀ လောက်ရှိတယ်။ စီမံခန့်ခွဲရေးဆိုင်ရာတို့၊ လူမှုရေးပိုင်းဆိုင်ရာတွေမှာ လုပ်ဆောင်ပေးတဲ့ သူတို့အားလုံးပေါင်းရင်တော့ အင်အား ၄၀၀ လောက် ရှိပါတယ်။  

ရွှေ့ပြောင်းနေတဲ့လူထုက ပထမပိုင်းမှာတော့ နယ်စပ်အနေအထားကို ကြည့်မယ်ဆိုရင် စစ်ကြောင့် ပြောင်းရွှေ့ရတဲ့ လူထုကို အဓိကတွေ့ရတာ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ စစ်ကြောင့်ချည်း မဟုတ်တော့ဘူး။ စီးပွားရေး အခွင့်အလမ်း မညီမျှမှုကြောင့် ဖြစ်လာတဲ့ ပြဿနာ။ ဆင်းရဲချမ်းသာ ကွာဟမှုတွေ အဲတာတွေက ပိုရှိလာတယ်ဆိုတော့ ... 

မေး - မြန်မာနိုင်ငံမှာ အပြောင်းအလဲဆိုတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ အပြောင်းအလဲ လိုလားသူဖြစ်ကြောင်းနဲ့ ဦးသိန်းစိန်ကို ယုံကြည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောလာတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲအပေါ်ကို ဘယ်လို မြင်ပါသလဲ။
ဖြေ - ဒေါ်စုအနေနဲ့ နိုင်ငံရေးမှာ ပိုပြီးတော့ ပါဝင်ခွင့် ရလာတယ်။ ပြီးတော့ ၈၈ အရေးအခင်းက ကျောင်းသားတွေဖြစ်စေ၊ အတိုက်အခံတွေ ဖြစ်စေ နိုင်ငံရေးမှာ ပိုပြီးတော့ ပွင့်လင်းစွာ ပြောဆိုလာနိုင်တယ်။ တစ်ချိန်တည်းမှာပဲ လူထုအဖွဲ့အစည်းတွေ တဖြည်းဖြည်းနဲ့ စုစည်းမှုလေးတွေ တွေ့ရတဲ့အတွက်ကြောင့်မလို့၊ တစ်စုံတစ်ရာပေါ့နော်။ ပြည်တွင်းထဲမှာ ကြိုးစားဆောင်ရွက်မှုတွေ တွေ့ရတဲ့ အတွက်ကြောင့် အားရတယ်။ ပိုပြီးတော့ လွတ်လပ်လာတယ်လို့ ယူဆတဲ့အတွက်ကြောင့် အားရတယ်ပေါ့။
တစ်ချိန်တည်းမှာပဲ  နေ့စဉ်နဲ့အမျှ ပေါ့နော်။ ပြည်တွင်းစစ်တစ် လျှောက်လုံးက စပြီးတော့ အခုထိ တွေ့ရှိရတဲ့ ပြဿနာကတော့ ဆက်လက် ရှိနေဆဲဆိုတာကို တွေ့ရတယ်။ လူတွေက အိမ်မဲ့ယာမဲ့ ရွှေ့ပြောင်းရတဲ့ကိစ္စက ဟိုးအရင်ကတည်းက ၈၈ကနေ အခုထိ အဲဒီ ပြဿနာက နယ်စပ်မှာ တစ်လျောက်မှာတင် မကဘူး။  ရွှေ့ပြောင်း အလုပ်သမားတွေ အကုန်လုံးပေါ့နော်။ လုပ်ကိုင်စားသောက်လို့မရတဲ့ အခြေအနေပေါ့နော်။ အဲတာတွေ ဖြစ်သွားတဲ့အတွက် ဒီကိုလာကြတာ။ ရွှေ့ပြောင်းနေတဲ့လူထုက ပထမပိုင်းမှာတော့ နယ်စပ်အနေအထားကို ကြည့်မယ်ဆိုရင် စစ်ကြောင့် ပြောင်းရွှေ့ရတဲ့ လူထုကို အဓိက တွေ့ရတာ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ စစ်ကြောင့်ချည်း မဟုတ်တော့ဘူး။ စီးပွားရေး အခွင့်အလမ်း မညီမျှမှုကြောင့် ဖြစ်လာတဲ့ပြဿနာ။ ဆင်းရဲချမ်းသာ ကွာဟမှုတွေ အဲတာတွေက ပိုရှိလာတယ်ဆိုတော့ အခုထက်ထိလည်း အဲဒီပြဿနာတွေက ရှိနေသေးတယ်။
အခြေခံလူထုရဲ့ လိုအပ်ချက်တွေက ဆက်လက်ပြီး ရှိနေတယ်။
မေး- နောက်သုံးနှစ်လောက်နေရင် မယ်လ ဒုက္ခသည်စခန်းကို ပိတ်ပြီး ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။  ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် ဘယ်လို အခြေအနေတွေ ဖြစ်လာနိုင်မလဲ။ ဒုက္ခသည်တွေ လိုချင်နေတာဘာလို့ ထင်ပါသလဲ။
ဖြေ - တစ်ခုက ဒုက္ခသည်စခန်းမှာ UNHCR ရဲ့တရားဝင် မှတ်ပုံတင်ပြီး နေတဲ့လူတွေ ဒုက္ခသည်စခန်းထဲမှာ ရှိတယ်။ နောက်တစ်အုပ်စုကတော့ ပြည်တွင်းဒုက္ခသည်ပေါ့။ ဒုက္ခသည် စခန်းတွေဆီမှာတော့ ယေဘုယျအားဖြင့် ပြောရင် ၁၅၀၀၀၀ ဦးရေ ရှိတယ်။ နောက်ပြီး ရွှေ့ပြောင်း လူထု တွေရှိတယ်။ ထိုင်းအစိုးရက ခန့်မှန်းထားတာတော့ သန်းဂဏန်း ရှိတယ်ပေါ့။ ဒုက္ခသည်ပြန်ရေးက အရေးကြီးတယ်။
ဒုက္ခသည်တွေက ပြန်ဖို့ကို တော်တော်စဉ်းစားကြလိမ့်မယ်။ တော်တော်စဉ်းစားမယ်ဆိုတာ သုံးပိုင်းပေါ့။ တချို့က တတိယနိုင်ငံကို သွားဖို့ဆုံးဖြတ်ကြမယ်။  တချို့ကျတော့လည်း မပြန်ဘဲနဲ့ ဒီထဲမှာပဲ ကြီးလာပြီးတော့ ဘယ်မှ မရောက်ဖူးတဲ့ကလေးတွေ အများကြီးရှိနေတော့ မြန်မာပြည်ကို ပြန်ပြီး ဘာလုပ်ကိုင် စားသောက်မလဲဆိုတာ ယုံကြည်မှုပေါ့နော်၊ ဘာမှလုပ်ကိုင် စားသောက် မရရင်တော့ သူတို့ ပြန်မှာ မဟုတ်ဘူး။ ထိုင်းနိုင်ငံထဲမှာပဲ လှည့်လည်ပြီးတော့ ရတဲ့နည်းနဲ့ လုပ်ကိုင် စားသောက်ကြမယ်ပေါ့နော်။ အဲလိုရှိတာတွေကို ဆောင်ရွက်ပေးတာ မဟုတ်ဘူးဆိုရင်တော့ ဒုက္ခသည်တွေက ပြန်ကြမှာမဟုတ်ဘူးလို့ ထင်တယ်။ သူတို့ လိုချင်တာ လုံခြုံမှုနဲ့ လုပ်ကိုင်စားသောက်ခွင့် ရဖို့ပဲ။
မေး- မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကိစ္စဟာ ထိုင်းအစိုးရအတွက် ဖိအားဖြစ်စေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ကိစ္စဟာ ထိုင်းအစိုးရအတွက် တကယ်ပဲ ဖိအားဖြစ်စေသလား။ ထိုင်းတွေကရော မြန်မာတွေအပေါ်မှာ ဘယ်လိုအမြင် ရှိနေသလဲ။
ဖြေ - ထိုင်းအမြင်ကြည့်မယ်ဆိုရင်တော့ အဖွဲ့သုံးဖွဲ့ရဲ့ အားပြိုင်မှုပဲ ပြောပြောပေါ့နော်။ တစ်ဖွဲ့က စီးပွားရေးပေါ့။ လုပ်ငန်းရှင်တွေကတော့ သူတို့က လုပ်ခသက်သာရာ ရရေးပေါ့။ လုပ်ခသက်သာလေ သူတို့အတွက် အဆင်ပြေလေပေါ့။ ဒီဘက်မှာလည်း မြန်မာအလုပ်သမားတွေ များလာတဲ့ အခါကျတော့ တစ်ခုခု ပြဿနာရှိလာရင် အလုပ်ထုတ်လိုက်လို့ လွယ်တယ်ပေါ့။ စောင့်နေတဲ့လူတွေက အများကြီးကိုး။ ထိုင်းအလုပ်ရှင်တွေဘက်ကတော့ အလုပ်သမားတွေ အများကြီးလိုတယ်။ ဒီကာလ ထိုင်းနိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမှုမှာ ဒီမြန်မာအလုပ် သမားတွေရဲ့ လုပ်အားတွေက အဓိက ဖြစ်နေတယ်။ အလုပ်သမားတွေထဲမှာ တစ်ဝက်လောက်က ခံစားခွင့်ရှိတဲ့လူတွေဖြစ်ပြီး တစ်ဝက်လောက်က ခံစားခွင့်မရှိတဲ့လူတွေ ဖြစ်နေတော့ လုပ်ငန်းရှင်တွေဘက်မှာတော့ အမြတ်အစွန်း ရတာပေါ့။
ဘတ် ၂၀၀ ပေးရမယ့်နေရာမှာ ဘတ် ၆၀ပဲ ပေးရတယ်ဆိုတော့ သူတို့အတွက် အမြတ်အစွန်း များများရတာပေါ့။ ဒေသခံတွေကတော့ လူတွေများလာတာကို စိုးရိမ်တယ်ပေါ့။ သန့်ရှင်းရေးတို့၊ ကျန်းမာရေးတို့၊ ပညာရေးတို့၊ သဘာဝပတ်ဝန်းကျင်တို့မှာ ထိခိုက်စေနိုင်မယ်ပေါ့။ ရှိတဲ့နေရာမှာ သစ်ပင် ခုတ်ပြီး အိမ်ဆောက်နေကြတာတွေလည်း ရှိတာကိုး။ နောက်ပြီး အလုပ်အကိုင် ၀င်ငွေမရှိတဲ့အခါ ကလေးငယ်တချို့ လမ်းပျော်ကလေးဖြစ်လာတာတွေ ရှိတယ်ဆိုတော့ ဒေသခံ လူထုကတော့ အဲဒါတွေ စိုးရိမ်တယ်ပေါ့။ ပြည်ထဲရေး ၀န်ကြီးဌာနတို့၊ လုံခြုံရေးတို့ကျတော့ တရားမ၀င် နယ်စပ်ကူးသန်းတာတွေကို ဖမ်းတာ၊ ဆီးတာ ပြန်ပို့တာတွေ ဒါတွေက အမြဲရှိနေတယ်။ ဒါပေမဲ့လို့ တကယ့် တကယ် လက်တွေ့မှာတော့ အလုပ်မဖြစ်ဘူးပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ပို့ရင် နောက်နေ့ ပြန်ရောက်မယ်။ တစ်ခါတလေကျရင်တော့ အဖမ်းပြ ပြီးတော့ လက်မှတ်သွားထိုးပြီးတော့ စက်ရုံမှာပဲ ပြန်နေတယ်ဆိုတော့ လုံခြုံရေးအမြင်အရ ကြည့်ရင်တော့ တချို့ကျတော့ လည်း ဒါအသုံးချတယ်ပေါ့။ လုံခြုံရေးခေါင်းစဉ်နဲ့ ငွေရှာလို့ရတယ်ပေါ့။ တချို့ကျတော့လည်း တကယ့်လုံခြုံရေးကို ကာကွယ်တဲ့ လူတွေလည်း ရှိတယ်ပေါ့။ တစ်ဖက်ကတော့ ဒါလူ့အခွင့်အရေး အဖွဲ့အစည်းတွေ အနေနဲ့ကတော့ အများကြီး ပိုပြီး အားကောင်းလာပါတယ်။ ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို သူတို့ သဘောပေါက်ပါတယ်။ အဲဒါကြောင့် ပံ့ပိုးမှုတွေလည်း အများကြီးရှိတယ်။ နောက်ပိုင်းမှာတော့ ထိုင်းမှာရှိတဲ့ တချို့သော လူ့အခွင့်အရေး ကော်မရှင်တို့လို ဥပဒေပိုင်းဆိုင်ရာတို့၊ တချို့တက္ကသိုလ်က ဆရာတွေကိုယ်တိုင်က နယ်စပ်ဒေသက အခြေအနေတွေကို ပိုပြီးတော့ စိတ်ဝင်စားမှုရှိလာတဲ့ အခါကျတော့ လူ့အခွင့်အရေး ကာကွယ်မှုတွေကို ပိုပြီးတော့ ပူးပေါင်းတာဝန် ယူကြတာတွေလည်း ရှိတယ်ဆိုတော့ ထိုင်းဘက်မှာတော့ အစိုးရ ပြောင်းတဲ့ပေါ်မှာ မူတည်ပြီး ကွာခြားလိမ့်မယ်လို့ ယူဆတယ်။  
မေး- မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံရမှုတွေ အခုနောက်ပိုင်းမှာ ပိုများလာပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်ပါလဲ။ 
ဖြေ - ကျန်းမာရေးစနစ်မှာ အဓိက ကတော့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းလို့ ပြောရမှာပေါ့။ WHOရဲ့ အားလုံးကျန်းမာသက္ကရာဇ် ၂၀၀၀ မှာဆိုတဲ့ ဆောင်ပုဒ်ကို အခြေခံပြီးတော့ ပဏာမ ကျန်းမားရေး စောင့်ရှောက်မှုလုပ်ငန်းကို ထိထိရောက်ရောက် အကောင်အထည် ဖော်မယ်ဆိုရင် ဒီကိစ္စရပ်က ဖြစ်လာမယ်။ ကျန်းမာရေးအရ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာမယ်။ ဒီအခြေအနေမှာ အစိုးရရဲ့ တာဝန်ရှိမှုပေါ့နော်။ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ နိုင်ငံသားတိုင်း လူသားတိုင်း အခြေခံ ခံစားရမယ့် ကျန်းမာရေး စောင့်ရှောက်မှုဆိုတော့ အစိုးရရဲ့ တာဝန်ယူမှုက အဓိက ဖြစ်သွားတာကိုး။ မဖြစ်မနေ အခြေခံကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို လူတိုင်း၊ နိုင်ငံသားတိုင်း လက်လှမ်းမီဖို့ဆိုတဲ့ အခြေခံကို ကိုင်စွဲထားဖို့ လိုတယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ ဒီလိုမျိုး ဖြစ်လာဖို့ ဆိုတဲ့နေရာမှာ အစိုးရအနေနဲ့ ဒီ ကျန်းမာရေးအပေါ်မှာ ရန်ပုံငွေ သုံးစွဲမှုတွေ၊ ချမှတ်မှုတွေက အရေးကြီးတယ်။ ရန်ပုံငွေ ချမှတ်မှုမှာ အစိုးရအနေနဲ့ ချမှတ်မှုရော၊ နိုင်ငံတကာရဲ့ ရန်ပုံငွေတွေရော စီမံခန့်ခွဲတဲ့အခါ ဒီပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံတဲ့ ကျန်းမာရေး မူဝါဒတွေ၊ လမ်းစဉ်တွေအပေါ်မှာ အခြေခံဖို့ လိုအပ်တယ်။
ပဏာမကျန်းမာရေး စောင့်ရှောက်မှုမှာပဲ အရေးပါတဲ့အပိုင်းက သူ့ဒေသအလိုက် ဆုံးဖြတ်ပိုင်ခွင့်တို့၊ စီမံကိန်းတွေ အကောင်အထည်ဖော်တာတွေ၊ တိုက်ရိုက် ဆုံးဖြတ်ပိုင်ခွင့်တွေရှိဖို့ လိုတာပေါ့။ ဥပမာဆိုလို့ရှိရင် ကရင်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနနဲ့ တက်ခ်ခရိုင်မှာရှိတဲ့ ကျန်းမာရေးဌာန national အဆင့် မူဝါဒတချို့ ရှိတယ်။ သို့သော်လည်းပဲ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းချက်တွေ ရှိတယ်။ မြ၀တီနဲ့ မဲဆောက်ကြားမှာဆိုရင် ကူးစက်ရောဂါ ထိန်းချုပ်မှုမှာ ဒီမှာရှိတဲ့ ကျန်းမာရေးဌာနနှစ်ခုက သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရာမျိုးဖြစ်ဖို့ လိုတယ်ပေါ့။ မဲဆောက်ဆေးရုံဘက်က အားမလို အားမရ ဖြစ်တာတွေ ရှိတယ်။ နယ်စပ်မှာဖြစ်နေတဲ့ ကူးစက်ရောဂါဖြစ်ဖြစ် လူနာလွှဲ ပြောင်းမှုမှာပဲဖြစ်ဖြစ် တရားဝင် သူတို့ ဆက်ဆံလို့ မရဘူးဖြစ်တယ်။ အပေါ်က ညွှန်ကြားချက်မရှိရင်  မြန်မာဆေးရုံတွေက ပြန်ဆက်သွယ်တာ မရှိဘူး။ သူတို့ကို ဘာမှ ပူးပေါင်းဆောင်ရွက်လို့ မရတဲ့ အခါကျတော့ သူတို့အနေနဲ့ တစ်ကယ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်ချင်တယ်။
မေး- ပထမ သိထားတာကတော့ ဒေါ်အောင်ဆန်းစုကြည်က မယ်တော်ဆေးခန်းဝင်မယ်လို့ သိထားတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မ၀င်ဖြစ်ခဲ့ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောမယ်လို့ စဉ်းစားထားတဲ့ အကြောင်းအရာတွေက ဘာတွေပါလဲ။
ဖြေ - ကျွန်မတို့ မြန်မာနိုင်ငံသားအားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတယ်ဆိုတာ ဒါနှစ်ပေါင်းများစွာကတည်းကပေါ့။ မိမိဒေသကို ပြန်ချင်တယ်ဆိုတာ ဒါအဓိကအချက်။ သို့သော်လည်း တကယ်ပြန်နိုင်ဖို့ရယ်၊ တစ်ကယ်ငြိမ်းချမ်းရေး တည်ဆောက်ဖို့ရယ်ဆိုတာကို ဆောင်ရွက်တဲ့အချိန်ကျတော့ နယ်စပ်မှာရှိနေတဲ့ လက်ရှိလူထုတွေရဲ့ အခြေအနေမှန်တွေကို ပိုပြီးတော့ အချက်အလက်တွေ ရဖို့ဆိုတာ ပြည်တွင်းမှာ အများကြီး လိုနေသေးတယ်လို့ ထင်တယ်လေ။ NGO တွေကိုယ်တိုင်က၊ တစ်ချို့ NGO တွေက ပြည်တွင်းထဲမှာသွားတယ်။ နယ်စပ်ဒေသမှာရှိတဲ့ ကျန်းမာရေးလုပ်ငန်းတွေကို သူတို့ ရန်ကုန်ကနေ နယ်စပ်ကိုလာပြီး အလုပ် လာလုပ်ဖို့ဆိုတာ သူတို့ရဲ့ စဉ်းစားချက်က ဒီဘက်က နယ်စပ်မှာရှိထားတဲ့ လုပ်ငန်းတွေကို အခြေခံပြီး သူတို့ စဉ်းစားတာ မဟုတ်ဘဲနဲ့ သူတို့စဉ်းစားချက်နဲ့သူတို့ လာကြမယ်ဆိုရင် ကျွန်မတို့ လိုက်လျောညီထွေ မဖြစ်ဘဲ အောင်မြင်မှာ မဟုတ်ဘူး။ နောက်တစ်ချက် တင်ပြချင်တာက လက်ရှိမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမရှိတော့ နယ်စပ်ဒေသမှာ အခက်အခဲ ရှိတယ်။ မဲဆောက်ဆေးရုံဘက်က ပြောချင်နေတာလည်း ရှိတယ်။ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေးဌာန၊ နယ်စပ်မှာရှိတဲ့ ကျန်းမာရေးအဖွဲ့တွေ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းကြောင်းတွေ လိုချင်တယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့တွေက သူတို့ တိုက်ရိုက်ဆောင်ရွက်နိုင်တဲ့ အခွင့်ရှိပြီး ဟိုဘက်မှာမရှိတဲ့အခါကျတော့  သူတို့အနေနဲ့ ဒေါ်စုကို ဒါတွေများ တင်ပြနိုင်မလားဆိုပြီး ပြောချင်တာတွေတော့ ရှိနေခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်
အမည် - စင်သီယာမောင်
မွေးသက္ကရာဇ်- ၆-၁၂-၁၉၅၉
လူမျိုး - ကရင်
ဆေးပညာသင်ယူခဲ့သည့်ကျောင်း- ရန်ကုန်ဆေးတက္ကသိုလ် (၂)
ဒေါက်တာစင်သီယာမောင်
အမည် - စင်သီယာမောင်
မွေးသက္ကရာဇ်- ၆-၁၂-၁၉၅၉
လူမျိုး - ကရင်
ဆေးပညာသင်ယူခဲ့သည့်ကျောင်း - ရန်ကုန်ဆေးတက္ကသိုလ် (၂)
ဇာတိ- အင်းစိန်မြို့နယ်၊ ရန်ကုန်။
လက်ရှိနေထိုင်သည့်မြို့ - မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
ရရှိခဲ့သောဆုများ - Jonathan Mann Award(1999)?RamonMagsaysay Award (2002) ? TIME's Asian Heroes (2003)




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။