MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, June 5, 2012

မျိုးဆက်သစ်တို့၏ အနုပညာ လေ့လာရေး ခရီး

နာရေးကူညီမှု အသင်း(ရန်ကုန်) သည် ပညာရေး ကဏ္ဍတစ်ရပ်အား ၂ဝ၁ဝခုနှစ်မှ စတင်၍ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မျိုးဆက်သစ် ကလေးငယ်များ အတွက် ‘အဖြူထည်တို့၏ပွဲ’ အမည်ဖြင့်ပန်းချီ ပြပွဲ၂ကြိမ် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခု၂ဝ၁၂ ခုနှစ်နွေရာသီ ကာလ တွင်အခြေခံ အင်္ဂလိပ်စာ သင်တန်း၊ယဉ်ကျေး လိမ္မာ သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်း များတို့တွင် ကလေးသူငယ် စုစုပေါင်း ၇ဝဝကျော်ခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်နေကြသော ကလေး သူငယ်များ တို့မှ ပန်းချီပညာရပ်အား
စိတ်ပါဝင်စားသော မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနုနှင့် ဒေါ် ရီရီခင် တို့က မေတ္တာ၊ စေတနာများဖြင့် (အခမဲ့) ပညာဒါန အဖြစ် ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။
၂၂.၅.၂ဝ၁၂ (အင်္ဂါနေ့) နံနက် ၁ဝနာရီ ခွဲ အချိန်တွင် ပန်းချီသင်တန်းသို့ တက်ရောက် သင်ကြားနေသည့် မျိုးဆက်သစ် ကလေးငယ် များအား လေ့လာရေး ခရီးစဉ် အဖြစ် ပြင်ပ (ရန်ကုန်မြို့တွင်း) ရှိ ပန်းချီပြခန်းများ သို့ပန်းချီ ဆရာဦးဝင်းကြည်၊ ပန်းချီဆရာမ ဒေါ်နုနု နှင့် ဒေါ်ရီရီခင် တို့မှ ဦးဆောင်၍ လေ့လာစေရာ ဦးစွာ ပထမ ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိNew Treasure Art Gallery ၌ Second Group Show 2012 အဖြစ် ပန်းချီဆရာ မင်းဝေအောင်၏ ပန်းချီ ကားချပ်များနှင့် အခြား ပန်းချီဆရာ များရေးဆွဲ ပုံဖော်ထား သည့် ပန်းချီကားချပ်များအား လည်းကောင်း KZL Art Studio & Gallery  ရှိ Big Bigger Biggest Art Exibition ပန်းချီပြပွဲ သို့ လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ The Myanmar Traditional Artists and Artisans Organization(Central) တွင် Atmosphere In Water Color Art Exhibition ပြပွဲအစရှိသည့် အခမ်းအနား များသို့ နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ မျိုးဆက်သစ် ကလေးငယ်များ သွားရောက်၍ ပန်းချီလက်ရာများ ကြည့်ရှု လေ့လာခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ ပန်းချီ ပြခန်းတွင်း၌ ပန်းချီဆရာ အောင်မင်းမင်း မှလည်း ကလေးငယ်များ၏ လက်ထဲရှိ ပန်းချီ ပြပွဲဖိတ်စာ များပေါ်တွင် အမှတ်တရ အဖြစ် ကယ်ရီကေးချား ရုပ်ပုံများ ရေးဆွဲပေးခဲ့သည်။ မျိုးဆက်သစ် ကလေးငယ် များတို့သည် ပန်းချီ ပြပွဲများသို့ အားကြိုးမာန်တက် သွားရောက် လေ့လာမှု များပြုလုပ်ခဲ့ပြီး ကိုယ်တိုင်ရေးဆွဲ ကြဖို့ ပြင်ဆင်လျက် ရှိသည်။
မကြာမီကာလတွင် ‘အဖြူထည်တို့၏ပွဲ’ Vol-3 အဖြစ် မျိုးဆက်သစ် ကလေးငယ် များတို့၏ အရှိအတိုင်း ရိုးရှင်းစွာ ဖော်ကျူးရေးဆွဲ ကြမည့် ပန်းချီလက်ရာမွန် အနုပညာ ဖော်ကျူး မှုများကို သဘာဝ အတိုင်း လက်တွေ့ရေးဆွဲ ကာ အများပြည်သူတို့အား ခင်းကျင်း တင်ပြခွင့် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။


Popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။