MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, June 7, 2012

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ


(Photo: RFA)
ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်၏ ဥက္ကဋ္ဌ ဦးသုဝေ ဖြစ်ပါသည်။ (Photo: RFA)

2012-06-06
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr ဟာ ဒီကနေ့မနက်ပိုင်းက ဒီမိုကရေစီမိတ်ဆွေ (၁၀ ) ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ သြစတြေးလျနိုင်ငံက အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီမိုကရေစီမိတ်ဆွေပါတီ (၁၀) ပါတီက ပါတီခေါင်းဆောင်တွေက လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့
လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူမျိုးရေးပဋိပက္ခ စတာတွေနဲ့ ပတ်သက်ပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ဥက္ကဋ္ဌ ဦးသုဝေက -
" ကျွန်တော်က ပြောပြတယ်လေ။ ဥပမာ လယ်သမားတွေဆိုလို့ရှိရင် လယ်လုပ်နေရတာတွေဟာ သူတို့ရတဲ့ငွေနဲ့ သုံးရတဲ့ငွေနဲ့ မမျှဘူး။ အရှုံးပေါ်နေတယ်။ အလုပ်သမားတွေဆိုရင်လည်း သူတို့လုပ်ခလစာ နည်းတဲ့အတွက်ကြောင့်မို့လို့ သူတို့ဆန္ဒပြတာရှိတယ်။ အဲတာတွေကတော့ ကျွန်တော်တို့ ဖြေရှင်းရဦးမယ်ပေါ့နော်။ ဒါတွေကတော့ ဒီပြဿနာလေးတွေအပြင် အခြားသောကြီးမားတဲ့ ပြဿနာတွေလည်း ရှိတယ်ပေါ့နော်။ စီးပွားရေးတိုးတက်အောင်လုပ်တဲ့ ပြဿနာတွေ၊ ငြိမ်းချမ်းရေးပြဿနာတွေ အဲတာတွေကိုတော့ ကျွန်တော်တို့က စိတ်ရှည်ရှည်နဲ့ ထားပြီးရှင်းရမယ်။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကလည်း မငြိမ်မသက်ဖြစ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနက ရခိုင်အရေးကိစ္စတွေရှိတယ်။ နောက်ပြီးတော့ မနေ့ကနဲ့ ဒီနေ့ သတင်းစာထဲမှာရေးတဲ့ ဆောင်းပါး နှစ်ပုဒ်ကလည်းပဲ သိတ်မကောင်းဘူးပေါ့နော်"
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာပြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ချင်းအမျိုးသား တိုးတက်ရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၈ ခုက ခေါင်းဆောင်တွေ တက်ရောက်ကြတယ်လို့  သိရပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr က တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ အခြားအတိုက်အခံပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ် ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။