MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

ကိုရီးယား ဘဲမွေး စက်ရုံမှာ ဘာတွေ ဖြစ်နေသလဲ



(ဓာတ်ပုံများ - ဧရာဝတီ)


“ COSTEC” အထည်ချုပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၃)အတွင်းမှာ တည်ရှိပြီး ဘဲမွေးနဲ့ လုပ်ထားတဲ့ ဂျက်ကင်အင်္ကျီ ၊ အနွေးထည်တွေကို ချုပ်လုပ်တဲ့၊ ကိုးရီယားက လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတရုံ ဖြစ်ပါတယ်။စက်ရုံတွင်း လုပ်ငန်းခွင် အခြေအနေက ဒီလိုပါ -ဖိနပ်စီးရင် ညစ်ပတ်မှာစိုးလို့ အလုပ်သမားတိုင်း ဖိနပ်မစီးရဘဲ တမံသလင်းပေါ်မှာ မနက် ၈နာရီကနေ ည ၇နာရီခွဲအထိ ပူပူလောင်လောင်နဲ့ အလုပ် လုပ်ရတယ်လို့ ပြောပြပါတယ်။ဘဲမွှေးတွေ ပြန့်လွင့်မှာစိုးလို့ ပန်ကာတွေကို လုံးဝ မထားပေးဘူးလို့ ဆိုပါတယ်။ဒီနှစ်အတွင်းမှာ အလုပ်လုပ်ရင်း သေဆုံးသွားတဲ့ အမျိုးသမီးငယ်လေး ၂ ဦး ရှိသွားပြီ တဲ့။ခွင့်မတိုင်ဘဲ ပျက်ကွက်ရင် လစာထဲက ၈၀၀၀ ဖြတ်ပစ်လိုက်ပြီး

ခွင့်တိုင်ရင်တော့ ၄၀၀၀ ဖြတ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် အခြေခံလစာ ၃၀၀၀၀ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာ ၄ ရက် ရှိပြီလို့ သိရပါတယ်။တာလာဘတ်တွေကို အမိုးအကာလုပ်ပြီး ထမင်းချိုင့်ကိုယ်စီနဲ့ စုပြုံနေတဲ့ လူတွေကို ဒုက္ခသည်စခန်းတခုကလူတွေလို့ ထင်မှားနိုင်ပေမယ့် တကယ့်တော့ သူတို့ဟာ“ COSTEC “ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အလုပ်သမားပေါင်း ၁၇၅၀ ကျော်ပါတယ်။






ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။