MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 10, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများတက်ရောက်မည်

2012-06-10၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
Nobelprize.org
၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် ဆုချီးမြင့်ကြောင်း နိုဘယ်လ်ဆုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။
ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားကို တက်ရောက်မယ့်သူတွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ
မင်းထင်ကိုကိုကြီးလည်း ပါဝင်ပါတယ်။ အခုလို တက်ရောက်နိုင်အောင် အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ Norwegian Burma Committee ဆိုတဲ့ နော်ဝေ အခြေစိုက် NGO အဖွဲ့က ကမကထပြု စီစဉ်ခဲ့တာဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
"အမေစုကတော့ ၁၃ ရက်နေ့ ဒီကနေ ထွက်လိမ့်မယ်လေ။ ဂျနီဗာကို အရင်သွားမယ်ထင်တယ်။ အဲဒီကမှ နော်ဝေကိုလာမယ် ပြောတယ်။ ကျွန်တော်ကတော့ ၁၂ ရက်နေ့ ဒီကနေ ထွက်မယ်။ နော်ဝေမှာ အမေစုရှိနေတဲ့ ရက်တွေ ၁၅ ရက်နေ့မှာ press တို့၊ နောက် နိုဘယ်လ်ဆု လက်ခံမယ့်ပွဲပေါ့။ နောက် ပွဲ ၄ ပွဲကို ကျွန်တော် တက်ခွင့်ရထားပါတယ်"
ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဇွန်လ (၂၄) ရက်နေ့ ကျင်းပမယ့် Global Media Forum ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
၁၉၉၁ ခုနှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံယူဖို့ ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ကျင်းပတာဟာ နိုဘယ်လ် ဆုပေးပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။