MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, June 18, 2012

ဖမ်းဆီးခံရသူတွေ လွှတ်ပေးဖို့ ကျောက်တော်မှာ ဆန္ဒပြ

2012-06-17
ရခိုင်ပြည်နယ်ကျောက်တော်မြို့က သံခါးတောင်ရွာမှာ မနေ့က ဖြစ်ပွားတဲ့ မီးရှို့မှုနဲ့ ဒီမနက်က တခြားရွာတရွာ မီးရှို့မှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့သူ ၁၂ ဦး ပြန်လွှတ်ပေးဖို့ မြို့လူထုက ဒီနေ့ ဆန္ဒပြကြပါတယ်။
အခုလို လူတထောင်လောက် ဆန္ဒပြနေတာ စစ်ဦးစီးမှူး ပထမတန်း ဦးဆောင်တဲ့ တပ်ရင်းတရင်း ရောက်လာပြီး ခြိမ်းခြောက်တယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။
"ရခိုင်ပြည်က ဖမ်းသွားတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ဆိုပြီး ကျွန်တော်တို့ ငြိမ်းချမ်းစွာ
ဆန္ဒပြကြပါတယ်။ တပ်ရင်းတရင်း ရောက်လာပါတယ်။ ပစ်မယ် ခတ်မယ်ဆိုပြီးတော့ ထပ်ပြီးတော့ ခြိမ်းခြောက်ပါတယ်။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုလေး လုပ်တာပါလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ က ပစ်မယ်ခတ်မယ် ဆိုပြီးတော့မှ အုပ်ချုပ်ရေးမှူးရောက်လာပြီးတော့ ပြေပြေလည်လည်လေး ဖြစ်အောင် အဆင်ပြေအောင် အမြန်ဆုံး ဖြေရှင်းပေးပါမယ်ပြောပြီးတော့ လူစုခွဲလိုက်ပါတယ်"
မြို့နယ်အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ ဖြေရှင်းမယ်ပြောတဲ့အတွက် မနက် ၁၀ နာရီက စတဲ့ ဆန္ဒပြပွဲက မွန်းလွဲ ၂နာရီ ၄၅ မိနစ်လောက်မှာ လူစုကွဲသွားတယ်လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲ ဖြစ်ပွားလာရတဲ့ အကြောင်းရင်းခံကိုလည်း အဲဒီဒေသခံကပဲ ပြောပြပါတယ်။
"မနေ့က ကုလား ရခိုင် အဓိကရုဏ်း ဖြစ်ပါတယ်။ ကျောက်တော်မြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ သံခါးတောင်ဆိုတဲ့ နေရာလေးရှိပါတယ်။ ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်တာကို ၈ နာရီလောက်မှာ ဒီက တလက ၉ က ဦးဆောင်ပြီး သွားကြပါတယ်။ ဘုန်းတော်ကြီးကျောင်း လုံခြုံရေးအရ စောင့်နေတဲ့ ၉ ယောက်ကို ဖမ်းသွားပါတယ်။ ဘုန်းတော်ကြီးတွေကို လက်နက်နဲ့ ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မှ ကျောက်တော်ကြီးစခန်းကို ပို့ပြီးတော့မှ ချုပ်ထားပါတယ်။ ဒီမနက် ၅ နာရီလောက်မှာ နောက်တရွာမှာ ထပ်ပြီးတော့ မီးလောင်မှု ဖြစ်ပွားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရခိုင် ၄ ဦးကို တလက ၉ က ထိန်းသိမ်းထားပါတယ်။ ဘယ်သူမှလည်း အဆက်အသွယ် မလုပ်ရပါဘူး"
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ကျောက်တော်နဲ့ မြောက်ဦးက ရှေးဟောင်းဘုရားတွေ ဖျက်ဆီးခံရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း ကျောက်တော်မြို့ကို ဒီနေ့ရောက်ရှိလာတဲ့အကြောင်းနဲ့ မြောက်ဦးမြို့မဟာမုနိဘုရားမှာ လုံခြုံရေးအခြေအနေ ဆွေးနွေးတဲ့အကြောင်း ဒေသခံ တဦးက ပြောပါတယ်။

ဒီနေ့ထုတ် အစိုးရသတင်းစာမှာလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ဇွန် ၁၅ ရက်နေ့ မွန်းတည့်က ဖြစ်ပွားတဲ့ မီးကွင်းပစ်မှုမှာ ပါဝင်ပတ်သက်တဲ့ လူတွေကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့တွေနဲ့ အကြမ်းဖက်မှု မလိုလားတဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံးဖမ်းဆီးမိရေး ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။