MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, June 3, 2012

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး သုံးစွဲမှုပမာဏ ၁၀နှစ်အတွင်း သုံးဆကျော် ထပ်မံမြင့်တက်


ပြင်ဦးလွင်မြို့ မိုးကြိုးပစ်ကျေးရွာရှိ စိုက်ခင်းတစ်ခု 
၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှ ၂၀၁၁ -၁၂ ဘဏ္ဍာနှစ်အထိ ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ပိုးသတ်ဆေး သုံးစွဲမှုပမာဏ သုံးဆကျော် ထပ်မံမြင့်တက်ခဲ့ကြောင်း မေလ ၁၇ နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် 'မြန်မာနိုင်ငံရှိ သောက်သုံးရေများ တွင် ပိုးသတ်ဆေးပါဝင်မှု ပမာဏစံနှုန်း သတ်မှတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ'အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပိုးသတ်ဆေး သုံးစွဲမှုနှုန်းသည် ၂၀၀၂-၀၃ ဘဏ္ဍာနှစ်၌ ၂၈၇၄ ဒသမ ၆၉ မက်ထရစ်တန်ရှိခဲ့ရာမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၁၁၁၀၁ ဒသမ ၄၁ မက်ထရစ်တန်အထိ မြင့်တက်လာကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးတွေကို ၁၉၄၀ ၀န်းကျင် လောက်ကတည်းကစပြီး synthetic ပိုးသတ်ဆေးတွေကို အမြောက်အမြား သုံးလာကြတယ်။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာမှာလည်းပိုးသတ်ဆေး သုံးစွဲမှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ မြန်မာနိုင်ငံမှာဆိုရင် လည်း စိုက်ဧကတွေ တိုးချဲ့တယ်၊ သီးနှံအထွက်နှုန်းတွေ ကောင်းအောင် ပိုးသတ်ဆေးတွေကို ပိုပြီး အသုံးပြုလာကြတယ်။ နောက်ပြည်တွင်းမှာ အသုံးပြုမှု များလာတာက ဈေးကွက်မှာ အလွယ်တကူဝယ်လို့ ရနေတာရယ် ပိုးသတ်ဆေး ရောင်းချတဲ့ ဈေး ကွက်ကလည်း ပိုပြီးကြီးလာတာရယ် စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေမှာလည်း ပိုးသတ်ဆေးသုံးရမယ်ဆိုတဲ့ အသိပညာတွေ ရလာတာကြောင့် ပိုပြီးများလာတာပါ။ နောက်ထုတ်လုပ်မှု ကဏ္ဍတွေကို မြှင့်တင်လိုက်တဲ့အခါ စိုက်ခင်းတွေမှာလည်း ပိုးသတ်ဆေးတွေကို အသုံးပြုလာကြတယ်။ ဒါတွေကြောင့် ပိုးသတ်ဆေး သုံးစွဲမှုက လည်း မြင့်တက်လာတာပါ။ ကမ္ဘာမှာဆိုရင် တစ်နှစ်တစ်နှစ်ကို ခန့်မှန်း ခြေအားဖြင့် ၅ ဒသမ ၆ ဘီလီယံ ပေါင် သုံးစွဲပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုးသတ်ဆေးသုံးစွဲမှုက ဖွံ့ဖြိုးပြီးနိုင်ငံတွေလောက် မများပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပိုးသတ်ဆေးသုံးစွဲသူတွေရဲ့ ၉၉ ရာခိုင်နှုန်းက အဲဒီ ဆေးတွေကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ သေဆုံးကြတာ ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးတွေကို အမြောက်အမြားသုံးပြီး  ကြိုတင်ကာကွယ်မှုတွေ၊ စနစ်တကျ သုံးစွဲမှု အပိုင်းတွေကျတော့ အားနည်းတယ်။ ဆေးတွေသုံးစွဲတာနဲ့ပတ်သက်လို့ အသိပညာတွေပေးပေမယ့် လယ်သမားတွေက လိုက်နာမှု အားနည်းတာရယ်၊ အကာအကွယ်ပစ္စည်း သုံးစွဲတာကအစ စနစ်တကျ သုံးစွဲမှုမရှိတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုး တွေကို ပိုခံစားလာကြရတယ်''ဟု စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန သီးနှံကာကွယ်ရေးဌာနမှ ဒေါ်ခင်လေးဇံက ပြောကြားခဲ့ပါသည်။
လက်ရှိ မြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို ပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုခြင်းဖြစ်ပြီး ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်ခြင်း မရှိကြောင်း သိရသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့်အဆင့် ၁ မှ ၁၀ အတွင်းရှိ ပိုးသတ်ဆေးများမှာ Chlorpyrifos, Acephate, Cypermethrin, Carb-ofuran, Lambda-cyhalothrin, Mancozeb, Dimethoate, Glyph-osate, Sulphur, Benomyl တို့ဖြစ်ကြောင်း သိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။